မြစ်ကြီးနားလယ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဗုံးပစ်ခံရပြီးမီးလောင်ပျက်စီး

မြစ်ကြီးနားလယ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဗုံးပစ်ခံရပြီးမီးလောင်ပျက်စီး

မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အမည်မသိလူတစ်စုက မတ်လ ၁၅ ရက်နေ့မနက်ပိုင်းမှာ ဗုံးဖြင့်ပစ်ပြီးနောက် မီးလောင်ပျက်စီးခဲ့ကြောင်း ထိုရပ်ကွက်နေပြည်သူတွေက ရှမ်းနီအသံကိုပြောဆိုပါတယ်။

“ မနက် ၄ နာရီလောက်မှာ ဗုံးနှစ်လုံးနဲ့လာပစ်သွားတယ်လို့ပြောတယ်။ လူထိခိုက်မှုတော့မရှိဘူး၊ အပေါ် နဲ့ဘေးနံရံတွေအကုန်ပျက်စီးသွားတယ်။ အစောင့်တော့ရှိတယ် သူကမနက်သုံးနာရီကျော် မိုးမလင်းစျေးကို သွားနေတယ်လို့ပြောတယ်။ သူသွားပြီးတဲ့နောက်မှာပဲ လာပစ်သွားတာ” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုပါတယ်။

မနက်ပိုင်းမှာ မီးငြိမ်းသက်မှုတွေပြုလုပ်ခဲ့ပြီး အနီးနားက အိမ်တွေမီးကူးစက်မှုမရှိကြောင်းသိရပါတယ်။

မြစ်ကြီးနားမြို့လယ်ကုန်းရပ်ကွက်မှာ အာဏာသိမ်းတစ်နှစ်ပြည့်နေ့ကလည်း ရဲတပ်ရင်း ၃၀ ကပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။

August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...