လက်နက်တွေပမာဏတစ်ခုကို လက်လှမ်းမီထားပြီး မကြာခင် PDF တွေကိုဖြည့်ဆည်းပေးနိုင်မယ်လို့ NUG ဆို

လက်နက်တွေပမာဏတစ်ခုကို လက်လှမ်းမီထားပြီး မကြာခင် PDF တွေကိုဖြည့်ဆည်းပေးနိုင်မယ်လို့ NUG ဆို

မဟာမိတ်တွေရဲ့ အကူအညီနဲ့ စစ်လက်နက် ပမာဏတစ်ခုကို လက်လှမ်းမီထားပြီး မကြာခင်မှာ ဖြည့်ဆည်းပေးနိုင်မယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် (၆)လပြည့် အစီရင်ခံစာမှာ ပြောဆိုထားပါတယ်။

ဒီလိုထောက်ပံ့ပေးရာမှာလည်း PDF တပ်သားတွေအားလုံးကို  လက်နက်တပ်ဆင်ပေးရေးအတွက်  အလှမ်းဝေးနေဆဲဖြစ်ပြီး စစ်မဟာဗျူဟာအရ အရေးပါတဲ့နယ်မြေတွေကို ဦးစားပေးအစီအစဉ်နဲ့ ဖြန့်ဝေတပ်ဆင်သွားမယ်လို့ဆိုပါတယ်။

ပြည်သူ့ခုခံစစ် (၆)လပြည့်တဲ့အချိန်မှာ စစ်ရေးရည်မှန်းချက်တွေ အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပေမယ့် အားနည်းချက်အနေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကို လက်နက်တပ်ဆင်ရေးပေးရေးကိစ္စကဖြစ်တယ်လို့ ဆိုပါတယ်။

လက်နက်ဝယ်ယူရေး ၊ ထုတ်လုပ်ရေးအတွက်ရံပုံငွေ ၊ချိတ်ဆက်ရှာဖွေမှုတွေနဲ့ သယ်ယူဖြန့်ဝေရေးကိစ္စတွေကလည်း စိန်ခေါ်မှုတွေရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်.။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ပြည်တွင်းပြည်ပကအလှူရှင်တွေရဲ့ ထောက်ပံ့လှူဒါန်းမှုတွေနဲ့တာ တည်ထောင်ခဲ့ရတာဖြစ်ပြီး ပြည်ပနိုင်ငံတွေက ရုပ်ဝတ္ထုပစ္စည်းအကူအညီပေးအပ်ခဲ့တာတွေမရှိဘူးလို့ဆိုပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက ရံပုံငွေ အမေရိကန်ဒေါ်လာသန်း (၃၀)ကျော် မြန်မာငွေနဲ သိန်းငါးသောင်းကျော် ရရှိခဲ့တယ်လို့ အစီရင်ခံစာထဲမှာရေးသားထားပါတယ်။

ဒီငွေတွေထဲမှ ၈၅ ရာခိုင်နှုန်းကို လက်နက်ခဲယမ်းတွေဝယ်ယူမှုနဲ့ ထုတ်လုပ်ရေးအတွက်အသုံးပြုပြီး ကျန်တဲ့ ရာခိုင်နှုန်းတွေကတော့ တခြားမဟာမိတ်တပ်ဖွဲ့တွေရဲ့ လက်နက်ခဲယမ်းဖြည့်တင်းရေးနဲ့ လိုအပ်တဲ့ အသုံးစရိတ်တချို့ကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

နယ်မြေအသီးသီးက ဒေသခံကာကွယ်ရေးတပ်တွေက သူတို့တွေလိုအပ်နေတဲ့ လက်နက်တွေနဲ့ ရိက္ခာတွေကို ဒေသခံပြည်သူတွေဆီကနေတဆင့် အကူအညီတောင်းခံမှုတွေလည်းရှိနေပါတယ်။

NUG ဘက်ကတော့ ဒီနှစ် ၂၀၂၂ နှစ်က ပြည်သူ့တော်လှန်ရေးအတွက် အဆုံးအဖြတ်ပေးမယ့်နှစ်ဖြစ်ပြီး PDF တွေအတွက်လိုအပ်တဲ့ လက်နက်တွေပိုမိုတပ်ဆင်နိုင်ရေး ကူညီထောက်ပံ့ပေးဖို့လည်း မေတ္တာရပ်ခံ ရေးသားထားပါတယ်။

April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...