၄၉၅နှစ်မြောက်ရှမ်းနီအမျိုးသားနေ့ကိုဗန်းမောက်မြို့နယ်မှာကျင်းပ

၄၉၅နှစ်မြောက်ရှမ်းနီအမျိုးသားနေ့ကိုဗန်းမောက်မြို့နယ်မှာကျင်းပ

မတ်လ ၁၃ ရက်နေ့တွင် ကျရောက်တဲ့ ၄၉၅ နှစ်မြောက် ရှမ်းနီအမျိုးသားနေ့ကို ဗန်းမောက်မြို့နယ်မှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ဒီပွဲကို ဒေသခံပြည်သူတွေနဲ့ ရှမ်းနီလူငယ်အဖွဲ့ချုပ်တို့က ပူးပေါင်းကျင်းပတာဖြစ်ပြီး ကပ်ရောဂါဘေးနဲ့ နိုင်ငံရေးအခက်အခဲတွေကြောင့် ပွဲတော်ကို စည်စည်ကားကားမကျင်းပနိုင်ပေမယ့် အကျဉ်းချုံ့ပြီးကျင်းပရတာဖြစ်တယ်လို့လည်းသိရပါတယ်။

ရှမ်းနီတိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်အားနဲ့  နိုင်ငံ ၊ မြို့ပြ တည်ထောင်ခဲ့တဲ့ ရှမ်းနှစ် ၁၆၂၁ ခုနှစ် ၊ မြန်မာ သက္ကရာဇ် ( ၈၈၈) ခုနှစ် ၊ ခရစ်နှစ် (၁၅၂၇) ခုနှစ် မတ်လ (၁၃) ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ရှမ်းနီအမျိုးသားနေ့ကို ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီလူငယ်များအဖွဲ့ချုပ်က ဦးဆောင်ပြီးပြုလုပ်ခဲ့ပြီးတဲ့နောက် မြန်မာတစ်နိုင်ငံလုံးက ရှမ်းနီတိုင်းရင်းသားတွေဆီကို သဘောထားဆန္ဒတောင်းခံမှုတွေပြုလုပ်ခဲ့ကြပါတယ်။

ဒီလိုသဘောထားတောင်းခံမှုတွေကို ငြင်းပယ်သူအနည်းငယ်တာရှိတဲ့အတွက် ၂၀၁၇ ခုနှစ်ကနေစပြီး ၂၀၂၂ ခုနှစ်အထိ ကျင်းပပြုလုပ်နေတာလည်းဖြစ်ပါတယ်။

ရှမ်းနီအမျိုးသားနေ့ကို ရှမ်းနီအမျိုးသားတွေရဲ့ တည်ထောင်ခဲ့တဲ့ မြို့ပြ ရေမြေတောတောင်တွေကို ထိန်းသိမ်းတတ်ဖို့ ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို ထိန်းသိမ်းတတ်ဖို့ ၊ ရှမ်းနီလူမျိုးတွေရဲ့ သဘောဆန္ဒတွေကို ပေါင်းစည်းဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဗန်းမောက်မြို့နယ်မှာ ဒီလိုပွဲမျိုးကို ကျင်းပတာ ဒုတိယအကြိမ်ဖြစ်လည်းဖြစ်ပါတယ်။

August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...