အာဆီယံဆိုင်ရာမြန်မာအထူးကိုယ်စားလှယ် မတ်လ ၂၀ မှာ မြန်မာနိုင်ငံကိုလာမယ်

အာဆီယံဆိုင်ရာမြန်မာအထူးကိုယ်စားလှယ် မတ်လ ၂၀ မှာ မြန်မာနိုင်ငံကိုလာမယ်

အာဆီယံဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်က လာမယ့် မတ်လ (၂၀) ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားအစိုးရက ထုတ်ပြန်လိုက်ပါတယ်။

သူခရီးစဉ်က မတ်လ ၂၀ ရက်နေ့ ၂၃ ရက်နေ့အထိ (၃)ရက်တာ လာရောက်မှာလည်းဖြစ်ပါတယ်။

သူလာရောက်မယ့်ခရီးစဉ်မှာ နိုင်ငံရေးအကြပ်အတည်းနဲ့ သက်ဆိုင်သူတွေအားလုံးကို တွေ့ဆုံပြီး ကြားဝင်စေ့စပ်ဆွေးနွေးသွားမယ်လို့ ဆိုပေမယ့်လည်း တွေ့ဆုံမယ့်သူတွေရဲ့ အမည်စာရင်းကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။

ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ မှာ ပရာခ်ဆိုခွန်က သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး  လူသားချင်းစာနာမှုအကူအညီများ မြှင့်တင်ရန်အတွက် မြန်မာနိုင်ငံသို့ မတ်လ ဒုတိယပတ်အတွင်း လာရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

လာမယ့် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်မှာ အာဆီယံခေါင်းဆောင်တွေကြား သဘောတူညီထားတဲ့ အချက်(၅)ချက်ကို အကောင်အထည်ဖော်ဖို့ ဖြစ်နိုင်တယ်လို့ ကမ္ဘောဒီးယားမီဒီယာတွေမှာ ရေးသားထားပါတယ်။

စစ်ကောင်စီဘက်ကတော့ အရင်က အထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုချက်တွေကို မဖြည့်ပေးနိုင်လို့ လာရောက်ခြင်းမရှိပဲ ပရက်ဆိုခွန်က မြန်မာကို လာရောက်မယ့် ပထမဆုံး အထူးကိုယ်စားလှယ်လည်းဖြစ်ပါတယ်။

August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...