ကရင်ပြည်နယ် စစ်ကောင်စီ ဥက္ကဌ စောမြင့်ဦးက လုပ်ငန်းခွင်ပြန်လည်ဝင်သည့် CDM ပညာရေးဝန်ထမ်း ၂၆၅ဦးကို မတ်လ ၁ရက်နေ့က ခေါ်ယူတွေ့ဆုံပြီး ဆုံးမဩဝါဒပေးခဲ့သည်ဟု ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက သတင်းထုတ်ပြန်ထားသည်။
အဆိုပါဝန်ထမ်းများသည် CDM မှ Non-CDM အဖြစ် ပြန်လည်အလုပ်လုပ်သည့် ပညာရေးဝန်ထမ်းဖြစ်သည်ဟု သိရပြီး ဒဏ်ပေးသည့်အနေဖြင့် အလုပ်ထုတ်ပယ်ခြင်း မပြုဘဲ ရာထူးတိုး (၂)နှစ် ဆိုင်းငံ့ထားလိုက်သည့် ပြစ်ဒဏ်ကို ချမှတ်ပေး ပြီး ဆက်လက် တာဝန်ထမ်းဆောင်စေခဲ့သည်ဟုလည်း သိရသည်။
ပြည်နယ်ကောင်စီခေါ်ယူတွေ့ဆုံသည့် ဝန်ထမ်းများမှာ အလုပ်ထုတ်ပယ်စာရင်းတွင် ပါရှိပြီးနောက် အကြောင်းအမျိုး မျိုးကြောင့် ခွင့်မဲ့ပျက်ကွက်သည်ဟု ပြန်လည် အယူခံတင်ပြမှုအပေါ် ယခုလို ဆက်လက် တာဝန်ထမ်းဆောင်စေခြင်း ဖြစ်သည်။
ဖားအံမြို့နယ်ရှိ မူလတန်းပြ Non-CDM ဆရာမတစ်ဦးက “အလုပ်ပြန်လုပ်တာ သူငယ်ချင်းတွေက ဘယ်လိုမြင်မလဲ မသိဘူး။ မိသားစုအခြေအနေကြောင့်သာ မလုပ်မဖြစ် ပြန်ဝင်လုပ်တာ။ အပြင်စီးပွားရေးရှိရင် ဝန်ထမ်းမလုပ်ချင်တော့ တာ အမှန်ပါပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။
ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကို ဖားအံမြို့ ဇွဲကပင်ခန်းမတွင်ပြုလုပ်ခဲ့ပြီး ဝန်ထမ်းများဖြစ်ပါက ပါတီနိုင် ငံရေး ကင်းရှင်းရမည့်အကြောင်း၊ စစ်တပ်အာဏာသိမ်းယူခဲ့ပုံ အဆင့်ဆင့်(တပ်မတော်မှ တိုင်းပြည်တာဝန် ထိန်းသိမ်း ယူခဲ့ပုံ အဆင့်ဆင့်) ရှင်းလင်းချက်များအပြင် တရားမဝင် အဖွဲ့အစည်းများဟု စစ်ကောင်စီက သတ်မှတ်သည့် NUG၊ CRPH၊ PDF လုပ်ရပ်များမှာ အကြမ်းဖက်လုပ်ရပ်များဖြစ်သည်ဟု ရှင်းလင်းခဲ့ကြောင်းလည်း သိရသည်။
ယင်းသို့ Non-CDM ပြန်လည်လုပ်ဆောင်သည့် ပညာရေးဝန်ထမ်း (၂၆၅)ဦးအနက် အထက်တန်းပြ (၃၀)ဦး၊ အလယ် တန်းပြ (၇၈)ဦး၊ မူလတန်းပြ (၁၂၈)ဦးနှင့် ရုံးဝန်ထမ်း (၁၃)ဦး ပါဝင်သည်ဟု ပြည်နယ် ပြန်/ဆက်၏ သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ကရင်ပြည်နယ်တွင် ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည်ဆိုသော အကြောင်းပြချက်ဖြင့် ပညာရေးဝန် ထမ်းအချို့ ဖမ်းဆီးခံရခြင်းရှိရာ အများစုမှာ ဆက်လက် တိမ်းရှောင်နေကြရဆဲဖြစ်သည်ဟု သိရသည်။
၂၀၂၁ခုနှစ်တွင် စစ်ကောင်စီ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံး အတိုင်းအတာတွင် ပညာရေးဝန် ထမ်းပေါင်း ၄၅၁,၅၀၆ဦးရှိကာ ထိုအထဲတွင် CDM ဆောင်ရွက်သူ ၁၂၁,၄၅၅ဦးရှိပြီး ၂၇ရာခိုင်နှုန်းမှာ ပျက်ကွက်ကြောင်း ထုတ်ပြန်ထားခဲ့သည်။
၎င်းအပြင် ကရင်ပြည်နယ်အတွင်း၌ ပညာရေးဝန်ထမ်းပေါင်း ၁၆,၆၀၄ဦးရှိရာ ထိုအထဲမှ ၄,၄၂၈ဦးမှာ CDM လှုပ်ရှားမှု တွင် ပါဝင်နေဆဲဖြစ်သည်ဟု သိရသည်။







