ဗျူစောထီးတွေဖွဲ့စည်းထားတဲ့သတင်းကြောင့် ဒေသခံတွေစိုးရိမ်စိတ်မြင့်တက်နေ

ဗျူစောထီးတွေဖွဲ့စည်းထားတဲ့သတင်းကြောင့် ဒေသခံတွေစိုးရိမ်စိတ်မြင့်တက်နေ

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်အတွင်းက ချင်းတွင်းမြစ်ကမ်းဘေးရှိ ရွာတချို့မှာ ဗျူစောထီးအဖွဲ့တွေ ဖွဲ့စည်းထားတဲ့ သတင်းတွေကြောင့် ဒေသခံတွေကြား စိုးရိမ်မှုတွေမြင့်တက်နေပါတယ်။

“ ရွာတွေကို ဝင်မွေမယ်လို့ကြားတာ သုံးလေးခေါက်ရှိပြီ ၊ အခုတော့ အငြိမ်နေပြီးမှ ငြိမ်သက်မှာပြန်ဝင်မယ်လို့ သိရတယ်။ စိတ်တွေပူနေကြပါတယ် ။ စကစတွေလာတော့မယ်ဆိုရင် သူတို့အမာခံအဖွဲ့တွေဟာ ရွာမှာ သိသိသာသာခြေလှမ်းရှုတ်နေပြီး ဆောင့်ကြွားဆောင့်ကြွားတွေဖြစ်နေတယ်” လို့ ဖောင်းပြင်ဒေသခံတစ်ဦးက ရှမ်းနီအသံကို စာရေးသားပေးပို့ပါတယ်။

ဗျူစောထီးတွေရဲ့ သတင်းပေးမှုတွေကြောင့် စစ်ကောင်စီတပ်တွေက ချင်းတွင်းမြစ်ကမ်းဘေးရွာဖြစ်တဲ့ ရေအောက်တောင်းရွာက ဒေသခံ (၁၀) ဦးကျော် မနေ့က ဖမ်းဆီးခံလိုက်ရတယ်လို့ဆိုပါတယ်။

ဖမ်းဆီးခံရသူထဲကမှ တစ်ဦးကိုတော့ ခံဝန်နဲ့ ပြန်လွတ်ပေးခဲ့ပြီး ကျန်တဲ့သူတွေကို ဘယ်နေရာမှာ ထိန်းသိမ်းထားသလဲဆိုတာကိုတော့ မသိရှိကြကြောင်းဆိုပါတယ်။

ဗျူစောထီးအဖွဲ့များဖွဲ့စည်းရာမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ဦးဆောင်မှုတချို့နဲ့ ဖွဲ့စည်းထားတာဖြစ်တယ်လို့လည်းဆိုပါတယ်။

ဒေသခံကာကွယ်ရေးတပ်တွေက အုပ်ချုပ်ရေးမှူးတွေကို ဒီလကုန်နောက်ဆုံးထားပြီး နုတ်ထွက်ကြဖို့ သတိပေးစားထုတ်ထားပြီး အုပ်ချုပ်ရေးမှူးအများစု နုတ်ထွက်ထားကြောင်း ဒေသခံတွေရဲ့ ပြုစုထားတဲ့ စာရင်းတွေအရသိရပါတယ်။

August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...