SNLD ပါတီနဲ့ NLD ပါတီတို့ပါတီဖျက်သိမ်းနိုင်တဲ့ပုဒ်မနဲ့ခြိမ်းခြောက်

SNLD ပါတီနဲ့ NLD ပါတီတို့ပါတီဖျက်သိမ်းနိုင်တဲ့ပုဒ်မနဲ့ခြိမ်းခြောက်

စစ်ကောင်စီခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတို့က သတ်မှတ်ရက်တွေအတွင်း စာရင်းတွေစစ်ဆေးမှုတွေမခံယူခဲ့ကြောင်း ဖေေဖာ်ဝါရီ (၂၃) ရက်နေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ (၁၄) ရက်နေ့ကနေ (၁၈) ရက်နေ့အတွင်း သူတို့ဆီကို သွားရောက်အစစ်ဆေးခံဖို့  ထိုပါတီနှစ်ခုဆီကို အသိပေးဆက်သွယ်ခဲ့ကြောင်း ဆိုပါတယ်။

SNLD ပါတီက သူတို့ဆီကို သွားရောက်အစစ်ဆေးခံဖို့မရှိပဲ ရုံးချုပ်ရှိရာကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့က  လာရောက်စစ်ဆေးဖို့သာ မီဒီယာတွေမှာ ဖြေကြားထားပါတယ်။

ဒီလို စစ်ဆေးမှု ခံဖို့ပျက်ကွက်ခဲ့တဲ့အတွက် နိုင်ငံရေးပါတီတွေမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၄ (ဂ) ၊ (ဃ)၊(င) တို့နဲ့ အရေးယူသွားနိုင်တယ်လို့ ဆိုပါတယ် ။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၄(ဂ)အရ ညွှန်ကြားတဲ့အတိုင်းပျက်ကွက်မယ်ဆိုရင် ပါတီကို ၃ နှစ်အထိ ယာယီရပ်ဆိုင်းနိုင်တယ်လို့ ကော်မရှင်ဘက်က သတိပေးထားပါတယ်။

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က စစ်ဆေးခံဖို့အတွက် နောက်ထပ်ရက်ချိန်းတစ်ခုဖြစ်တဲ့ မတ်လ ၉ ရက်နေ့မတိုင်မှီ စစ်ဆေးမှုခံဖို့ ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ပါတီဝင်အင်အား ၊  ပါတီပိုင်ရန်ပုံငွေနဲ့ ပစ္စည်းတွေ စုဆောင်း  ထိန်းသိမ်းခြင်း၊  သုံးစွဲခြင်း ၊ စစ်ဆေးခြင်းနဲ့  စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊  ပါတီဆိုင်ရာလုပ်ငန်းများကို ဥပဒေနှင့် အညီ  စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ တို့ကို စစ်ဆေးမယ်လို့ ဆိုပါတယ်။

April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...