ဗန်းမောက်မြို့နယ် ခမ်းပတ်တောင်ရှိ ရွှေလုပ်ကွက် ဒုတိယအကြိမ် ဓါးပြတိုက်ခံရ

ဗန်းမောက်မြို့နယ် ခမ်းပတ်တောင်ရှိ ရွှေလုပ်ကွက် ဒုတိယအကြိမ် ဓါးပြတိုက်ခံရ

ဗန်းမောက်မြို့နယ် မံကပ်ကျေးရွာအုပ်စု ကော်တာရွာအနီး ခမ်းပတ်တောင်ရှိ ရွှေလုပ်ကွက်တစ်ခုက ဒုတိယအကြိမ်ဓားပြတိုက်ခံလိုက်ရတယ်လို့ ရွှေတူးဖော်ရေးလုပ်ကိုင်နေသူတွေဆီကနေ သိရပါတယ်။

ဖေဖော်ဝါရီ (၂၂) ရက်နေ့ မနက် (၂) နာရီကျော်အချိန်မှာ လူ(၂၅) ဦးပါဝင်တဲ့အဖွဲ့က ရွှေလုပ်ကွက်ထဲကို ဝင်ရောက်ပြီး ဓားပြတိုက်ခဲ့ကြောင်း ပြောဆိုပါတယ်။

“ သူတို့တော်တော်လေးယူသွားကြတယ်။ လည်ပင်းကို ဓားနဲ့ထောက်ထားကြတာ လှုပ်ရင်သတ်မယ်လို့ပြောတာ ၊ အော်ရဲအော်ကြည့် အော်ရင်သတ်မယ်” လို့ ဓားပြတိုက်ခံရတဲ့ နေရာနှင့်အနီးဆုံးရှိနေသူ တစ်ဦးက ရှမ်းနီအသံကို ပြောဆိုပါတယ်။

ဓားပြတိုက်ခံရတဲ့ လုပ်ကွက်က အေးငြိမ်းဓန လုပ်ကွက်ဖြစ်ပြီး ရွှေပါတဲ့ ကျောက်အိတ် (၂၅) အိတ်နဲ့ တခြားပစ္စည်းတွေလည်း ယူဆောင်သွားတယ်လို့ဆိုပါတယ်။

ဒီတစ်ခေါက်ဓားပြတိုက်မှုကလည်း ဖေဖော်ဝါရီလ (၆)ရက်နေ့ဓားပြတိုက်ခံရတဲ့အတိုင်း  သိန်းတစ်ထောင်ဝန်းကျင်ဆုံးရှုံးခဲ့ပြီး ပထမတစ်ကြိမ်က ဓားပြတိုက်တဲ့သူတွေက ဦးဆောင်ပါဝင်လာကြောင်း ပြောဆိုပါတယ်။

ထိုဒေသမှာ ဖေဖော်ဝါရီလအတွင်းမှာ PDF ဟုပြောဆိုပြီး ငွေကြေးတောင်းခံမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဓားပြတိုက်ခံရတာတွေကြောင့် ထိုဒေသက ရွှေမျှောလုပ်ကိုင်နေသူနဲ့ ဒေသခံတွေအကြား စိုးရိမ်စိတ်တွေကလည်း မြင့်တက်နေပါတယ်။

“ အဲ့လိုတွေလာတိုက်မယ်ဆိုရင် တစ်မျှောလုံးကွာ  ကျွန်တော်တို့ ရွာတွေဘာတွေဆိုရင် သွားလာရေးနဲ့တောင်စိုးရိမ်ကြတော့မှာလေ” လို့ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။

August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...