ပြန်လည်စုရုံး (၂) ခြောက်လုံး သပိတ်ကို ပြုလုပ်ဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစုကတိုက်တွန်း

ပြန်လည်စုရုံး (၂) ခြောက်လုံး သပိတ်ကို ပြုလုပ်ဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစုကတိုက်တွန်း

ပြန်လည်စုရုံး (၂) ခြောက်လုံးသပိတ်ကို ပြုလုပ်ဖို့အတွက် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) က တိုက်တွန်းထားပါတယ်။

မနက်ဖြန်က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ဖြစ်တာကြောင့် (၂) ခြောက်လုံးတန်းတဲ့နေ့ဖြစ်ပြီးတော့ “ ပြန်လုံစုရုံး (၂)ခြောက်လုံး ၊ ကျေးလက်ပုန်ကန် ၊ မြို့ပြဖီဆန် “ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။

အဲ့ဒီသပိတ်မှာ လမ်းပေါ်ထွက်ပြီး သနပ်ခါးလိမ်း ၊ ဦးထုပ်/ခမောက်ဆောင်း ၊ ပန်းတွေကိုင်ပြီး ပါဝင်ဖို့ပြော ထိုအင်အားစုကနှိုးဆော်ထားပါတယ်။

အာဏာသိမ်းတစ်နှစ်ပြည့်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ အသံတိတ်သပိတ်မှာလည်း စစ်ကောင်စီဘက်က အမျိုးမျိုးဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီး ပါဝင်သူတွေကိုလည်း ဖမ်းဆီးအရေးယူမှုတွေရှိခဲ့ပါတယ်။

မနှစ်က ကျင်းပတဲ့ (၂) ငါးလုံးသပိတ်မှာ မြန်မာတစ်နိုင်ငံလုံးအားဖြင့် လူဦးရေးသန်းချီ ပါဝင်ပြီးတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ၊ ဒီမိုကရေစီရရှိရေးစတာတွေကို တောင်းဆိုခဲ့ကြပါတယ်။

August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...