ရှမ်းနီအမျိုးသားနေ့ ပြုလုပ်ဖို့ ရှမ်းနီလူငယ်အဖွဲ့ချုပ်တိုက်တွန်း

ရှမ်းနီအမျိုးသားနေ့ ပြုလုပ်ဖို့ ရှမ်းနီလူငယ်အဖွဲ့ချုပ်တိုက်တွန်း

လာမယ့် မတ်လ (၁၃) ရက်နေ့မှာ ကျရောက်မယ့် ရှမ်းနီအမျိုးသားနေ့ကို နိုင်ငံရေးအကြပ်အတည်းတွေနဲ့ ၊ကပ်ရောဂါအခြေအနေတွေက ပွဲတော်ခမ်းခမ်းနားနား မကျင်းပနိုင်ပေမယ့်  အကျဉ်းချုံ့ကျင်းပဖို့ ရှမ်းနီလူငယ်အဖွဲ့ချုပ် SNYO က တိုက်တွန်းထားပါတယ်။

ရှမ်းနီတိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်အားနဲ့  နိုင်ငံ ၊ မြို့ပြ တည်ထောင်ခဲ့တဲ့ ရှမ်းနှစ် ၁၆၂၁ ခုနှစ် ၊မြန်မာ သက္ကရာဇ် ( ၈၈၈) ခုနှစ် ၊ ခရစ်နှစ် (၁၅၂၇) ခုနှစ် မတ်လ (၁၃) ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒီနှစ်က ရှမ်းနီအမျိုးသားနေ့က ( ၄၉၅) နှစ်မြောက်မှာဖြစ်ပြီးတော့ ရှမ်းနီလူငယ်တွေကျင်းပပြုလုပ်ခဲ့တာ (၅) ကြိမ်မြောက်ခဲ့ပြီဖြစ်ပါတယ်။

ဒီနှစ်အတွက် ပွဲတော်ကို မကျင်းပနိုင်ပေမယ့် အဲ့ဒီနေ့မှာ ပုဂ္ဂိုလ်တစ်ဦးချင်း ၊ တစ်ဖွဲ့ချင်း အလိုက် ရှမ်းနီအမျိုးသားအလံ  အလေးပြုတာတွေ ၊ အမျိုးသားတေးသီချင်းတွေကို သီဆိုမှုတွေ နဲ့ ပြုလုပ်ကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်။

ရှမ်းနီအမျိုးသားနေ့ကို ရှမ်းနီအမျိုးသားတွေရဲ့ တည်ထောင်ခဲ့တဲ့ မြို့ပြ ရေမြေတောတောင်တွေကို ထိန်းသိမ်းတတ်ဖို့ ၊

ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို ထိန်းသိမ်းတတ်ဖို့ ၊ ရှမ်းနီလူမျိုးတွေရဲ့ သဘောဆန္ဒတွေကို ပေါင်းစည်းဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ရှမ်းနီအမျိုးသားနေ့က မန္တလေးမြို့မှာ (၄) မြောက်ထိ ကျင်းပခဲ့ပြီးတော့ ပဥ္စမအကြိမ်မြောက်ကို ဗန်းမောက်မြို့နယ် မံအင်မကျည်းကုန်းကျေးရွာမှာ ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။

July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...
June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...