မူလတန်းဆရာအတတ်သင်ပြီးမှ တိုင်းရင်းသားဘာသာသင် ဆရာ/မ အမြဲတမ်းဝန်ထမ်း ခန့်အပ်မယ်လို့ဆို

မူလတန်းဆရာအတတ်သင်ပြီးမှ တိုင်းရင်းသားဘာသာသင် ဆရာ/မ အမြဲတမ်းဝန်ထမ်း ခန့်အပ်မယ်လို့ဆို

တိုင်းရင်းသားဘာသာသင်တဲ့ ဆရာ/မ  Teacher Assistant (TA) တွေကို အမြဲတမ်းဝန်ထမ်းအဖြစ် အတည်ပြုခန့်အပ်ရေးအတွက် ပညာရေးဒီဂရီကောလိပ် ဒါမှမဟုတ် တက္ကသိုလ်တွေကနေ ဖွင့်လှစ်တဲ့ မူလတန်းဆရာအတတ်သင် အောင်မှ ခန့်အပ်မယ်လို့ ဆိုလာပါတယ်။

ဒီလို ညွှန်ကြားစာကို တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနက မနေ့ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ရက်စွဲနဲ့  စစ်ကိုင်းတိုင်းဒေသကြီးထဲက တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုကော်မတီတွေဆီကို ပေးပို့ခဲ့ပါတယ်။

ရှမ်းနီတိုင်းရင်းသား Teacher Assitant (TA) တွေက ပညာရေး ဒီဂရီကောလိပ် နဲ့ တက္ကသိုလ်တွေမှာ  တက်ရောက်နေသူ ၁၀ လောက်တောင် ဦးထက်ပင်နည်းကြောင်း သိရပါတယ်။

“ ဘယ်အစိုးရတက်တက်တိုင်းရင်းသားတွေကိုစေတနာမရှိဘူးဆိုတာအမျိုးသားရေးလုပ်နေတဲ့သူတွေပိုသိပါတယ်” လို့ အမည်မဖော်လိုတဲ့ ရှမ်းနီစာပေအရေးလုပ်ဆောင်နေသူတစ်ဦးက ဆိုပါတယ်။

ဒီလိုအတည်ပြုခန့်အပ်ရေးကိစ္စက NLD. အရပ်သားအစိုးရလက်ထက်ကတည်းက လုပ်ဆောင်မှုတွေရှိခဲသလို စစ်ကောင်စီ ကလည်း လိုက်လုပ်ပေမယ့် ညွှန်ကြားစာတွေသာ ထွက်လာပြီး လက်တွေ့မဖြစ်လာခဲ့ကြောင်းသိရပါတယ်။

လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီးထဲက တိုင်းရင်းသားဘာသာသင်ကြားနေရတဲ့ ဆရာ/မတချို့က လစာကို ဒီနေ့ အချိန်ထိ မရသေးသူတွေများစွာရှိနေဆဲဖြစ်ပါတယ်။

တိုင်းရင်းသားဘာသာဆရာ/မ LT  တွေ ကို လစာထုတ်ပေးဖို့အတွက် စစ်ကောင်စီဘက်က ထောက်ခံချက်မျိုးစုံကိုလည်း တောင်းခံနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...