RCSS/SSA နဲ့ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) တို့တိုက်ပွဲဖြစ်ပွား

RCSS/SSA နဲ့ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) တို့တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ရန်ကင်းကျေးရွာအနီးမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နဲ့ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ( PNLO/PNLA ) တို့  ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ပအိုဝ့်အမျိုးသားအဖွဲ့ချုပ် (PNLO/PNLA) ရဲ့ ထုတ်ပြန်မှုမှာတော့  သူတို့ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကဒူးကြီးဒေသ ရန်ကင်းကျေးရွာအနီးကို အကြောင်းမကြားပဲဝင်ရောက်လာပြီး RCSS/SSA ဘက်က စတင်ပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲက မနက် ၉ နာရီခွဲကျော်ကနေ ၁၂ နာရီအထိ ဖြစ်ပွားခဲ့ကြောင်း PNLO ဘက်က ထုတ်ပြန်ထားပါတယ်။

“ မောက်မယ်မြို့ပေါ်မှာတော့ငြိမ်တယ်။ပွဲလမ်းသဘင်တွေတောင်အေးဆေးလုပ်နေကြတာ၊ကဒူးကြီးဘက်ကတော့ဝေးတော့လို့၊အဲ့ဘက်ကသတင်းမကြားမိသေးဘူး၊အဲ့ဘက်မှာအဖွဲ့တွေကလည်းစုံပြီးတော့အရင်ကလည်းဒီလိုစစ်ရေးတင်းမာမှုတွေဖြစ်ဖူးတယ်” လို့မောက်မယ်မြို့ခံတစ်ဦးကရှမ်းနီအသံကိုပြောဆိုပါတယ်။

RCSS/SSA ဘက်ကတော့ ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်မှုကို မတွေ့ရသေးသလို မီဒီယာတွေမှာ ဖြေဆိုထားမှုလည်း မရှိသေးပါဘူး။

ကဒူးကြီးဒေသမှာ ၂၀၁၇ ခုနှစ်က RCSS/SSA နဲ့ PNLO တို့ နယ်မြေအငြင်းပွားမှုကြောင့် စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့ဖူးပါတယ် ။

ဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့ နှစ်ဖွဲ့လုံးက NCA လက်မှတ်ရေးထိုးထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေလည်း ဖြစ်ပါတယ်။

August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...