ICJ မှာ အမှုရင်ဆိုင်ဖို့အတွက် NUG က ဥပဒေပညာရှင် အဖွဲ့ကိုကြေညာ

ICJ မှာ အမှုရင်ဆိုင်ဖို့အတွက် NUG က ဥပဒေပညာရှင် အဖွဲ့ကိုကြေညာ

နိုင်ငံတကာ တရားရုံး  ICJ မှာ ကမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ်စွဲဆိုထားတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကို တရားရင်ဆိုင်ဖို့  NUG က ဥပဒေပညာရှင်အဖွဲ့ကို ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းကို ကိုယ်စားလှယ်အဖြစ် NUG ကခန့်အပ်ထားတာလည်းဖြစ်ပါတယ်။

တရားရင်ဆိုင်ဖို့ NUG က ဦးကျော်မိုးထွန်း နဲ့ နောက်ထပ် ဥပဒေပညာရှင် နှစ်ဦးဖြစ်တဲ့ ပါမောက္ခ မစ္စတာ ဂျွန်မာ့စ်သူဗီနင် နဲ့ စတီပင်ပေါလ် တို့ကို ခန့်အပ်ခဲ့ပါတယ်။

ပါမောက္ခ ဂျွန်မာ့စ်သူဗီနင် ကတော့   ICJ တရားရုံး ၊  ပင်လယ်ပြင်ဆိုင်ရာ နိုင်ငံတကာခုံရုံး ၊ အမြဲတန်းအနုညတ ခုံတမာဓိရုံး နဲ့  ဥပဒေဆိုင်ရာ တရားရုံးတွေမှာ ဥပဒေအကြံပေးနဲ့ ရှေ့နေအဖြစ် ၁၉၉၂ ခုနှစ်ကတည်းက လုပ်ကိုင်နေသူဖြစ်ပါတယ်။

နောက်တစ်ဦးဖြစ်တဲ့ စတီပင်ပေါလ်က နိုင်ငံတကာတရားရုံးတွေမှာ လူ့အခွင့်ရေး ၊ စစ်ရာဇဝတ်မှုတွေမှာ အထူးကျွမ်းကျင် တဲ့ရှေ့နေတစ်ဦးဖြစ်ပြီးတော့ နိုင်ငံတကာဥပဒေဆိုင်ရာ ထိပ်တန်းလက်တွေ့ကျမ်းတစ်စောင်ကို ရေးသားခဲ့သူလည်းဖြစ်ပါတယ်။

NUG  က စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် မြေစာပင်ဖြစ်ရတဲ့ ဒုက္ခသည်တွေအတွက် တရားမျှတမှု ရရှိရေးက မိမိတို့ တာဝန်ဝတ္တရားဖြစ်တယ်လို့ အလေးအနက်ခံယူကြောင်းလည်းပြောဆိုပါတယ်။

ICJ မှာ တရားရင်ဆိုင်နေရတဲ့ တစ်ချိန်တည်းမှာပဲ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်နေမှုတဲ့ အထောက်အထားတွေကို ဆက်လက်ရှာဖွေပြီးတော့ ICC မှာ စီရင်ပိုင်ခွင့်ရဖို့  လုပ်ဆောင်သွားမယ်လို့ NUG ယာယီသမ္မတက က ထုတ်ပြန်ခဲ့ပါတယ်။

ICJ မှာ တရားရုံးက မြန်မာ နဲ့ ကမ်ဘီယာအမှု ကြားနာပွဲကို လာမယ့် ဖေဖော်ဝါရီလ ၂၁ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...
June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...