ပင်လုံကတိကဝတ်ကိုအတိအကျအကောင်အထည်ဖော်မယ်လို့ NUCC ကတိပြု

ပင်လုံကတိကဝတ်ကိုအတိအကျအကောင်အထည်ဖော်မယ်လို့ NUCC ကတိပြု

ပင်လုံကတိကဝတ်နဲ့ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်အခြေခံမူတွေပေါ်အခြေပြုပြီးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုတည်ဆောက်သွားမယ်လို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ကျရောက်တဲ့ပြည်ထောင်စုနေ့မှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC. က  ထုတ်ပြန်လိုက်ပါတယ်။

အစိုးရအဆက်ဆက်ကတိုင်းရင်းသားတွေမျှော်မှန်းခဲ့ကြတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုဖော်ဆောင်ခဲ့ယောင်နဲ့လိမ်လည်ပြီးတော့  ပင်လုံစာချုပ်၊ပင်လုံကတိကတတ်တွေကိုချိုးဖောက်ကာ  တစ်ပြည်ထောင်စနစ်ကိုကျင့်သုံးခဲ့ကြတယ်လို့ဆိုပါတယ်။

NUG အပါအဝင်တော်လှန်ရေးအင်အားစုတွေ ကဒီပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်တွေကိုတိကျစွာဖော်ဆောင်ဖို့ အလွန်အရေးကြီးပြီး ဖက်ဒရယ်ဒီမိုကရေစီကိုလည်း ဒီအတိုင်းအကောင် အထည်ဖော်ဆောင်ရွက် သွားဖို့လိုအပ်တယ်လို့ရေးသားထားပါတယ်။

ဒီလို ပင်လုံ စာချုပ် ၊ ပင်လုံကတိကဝတ်တွေ ချိုးဖောက်ပြီးတော့ သမိုင်းတစ်လျှောက် ဖိနှိပ်အနိုင်ကျင့်ခံရမှုများ ၊ ခွဲခြားဆက်ဆံခံရမှုများအတွက် NUCC တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကိုလည်း တောင်းပန်ခဲ့ပါတယ်။

NUCC က ဇန်နဝါရီလအတွင်းမှာ ပြည်သူ့ ညီလာခံတစ်ရပ်ကျင်းပခဲ့ပြီးတော့ ဖက်ဒရယ်စီမိုကရေစိပဋိဉာဉ် အစိတ်အပိုင်း (၁) နဲ့ (၂) ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီအမံကို အတည်ပြုခဲ့တာလည်းဖြစ်ပါတယ်။

NUCC မှာ အစုအဖွဲ့ (၅) ခုကို ကိုယ်စားပြုတဲ့ အဖွဲ့ဝင် အဖွဲ့စည်း (၃၃) ဖွဲ့နဲ့ ဖွဲ့စည်းလိုက်ကြောင်း ပထမအကြိမ်ပြည်သူ့ညီလာခံ အပြီးထုတ်ပြန်ခဲ့ပါတယ်။

August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...