ပင်လုံကတိကဝတ်ကိုအတိအကျအကောင်အထည်ဖော်မယ်လို့ NUCC ကတိပြု

ပင်လုံကတိကဝတ်ကိုအတိအကျအကောင်အထည်ဖော်မယ်လို့ NUCC ကတိပြု

ပင်လုံကတိကဝတ်နဲ့ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်အခြေခံမူတွေပေါ်အခြေပြုပြီးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုတည်ဆောက်သွားမယ်လို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ကျရောက်တဲ့ပြည်ထောင်စုနေ့မှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC. က  ထုတ်ပြန်လိုက်ပါတယ်။

အစိုးရအဆက်ဆက်ကတိုင်းရင်းသားတွေမျှော်မှန်းခဲ့ကြတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုဖော်ဆောင်ခဲ့ယောင်နဲ့လိမ်လည်ပြီးတော့  ပင်လုံစာချုပ်၊ပင်လုံကတိကတတ်တွေကိုချိုးဖောက်ကာ  တစ်ပြည်ထောင်စနစ်ကိုကျင့်သုံးခဲ့ကြတယ်လို့ဆိုပါတယ်။

NUG အပါအဝင်တော်လှန်ရေးအင်အားစုတွေ ကဒီပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်တွေကိုတိကျစွာဖော်ဆောင်ဖို့ အလွန်အရေးကြီးပြီး ဖက်ဒရယ်ဒီမိုကရေစီကိုလည်း ဒီအတိုင်းအကောင် အထည်ဖော်ဆောင်ရွက် သွားဖို့လိုအပ်တယ်လို့ရေးသားထားပါတယ်။

ဒီလို ပင်လုံ စာချုပ် ၊ ပင်လုံကတိကဝတ်တွေ ချိုးဖောက်ပြီးတော့ သမိုင်းတစ်လျှောက် ဖိနှိပ်အနိုင်ကျင့်ခံရမှုများ ၊ ခွဲခြားဆက်ဆံခံရမှုများအတွက် NUCC တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကိုလည်း တောင်းပန်ခဲ့ပါတယ်။

NUCC က ဇန်နဝါရီလအတွင်းမှာ ပြည်သူ့ ညီလာခံတစ်ရပ်ကျင်းပခဲ့ပြီးတော့ ဖက်ဒရယ်စီမိုကရေစိပဋိဉာဉ် အစိတ်အပိုင်း (၁) နဲ့ (၂) ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီအမံကို အတည်ပြုခဲ့တာလည်းဖြစ်ပါတယ်။

NUCC မှာ အစုအဖွဲ့ (၅) ခုကို ကိုယ်စားပြုတဲ့ အဖွဲ့ဝင် အဖွဲ့စည်း (၃၃) ဖွဲ့နဲ့ ဖွဲ့စည်းလိုက်ကြောင်း ပထမအကြိမ်ပြည်သူ့ညီလာခံ အပြီးထုတ်ပြန်ခဲ့ပါတယ်။

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...