ရှင်ပြုပွဲပြုလုပ်နေသည့် နားမှော်ကျေးရွာအနီးမိုင်းပေါက်ကွဲမှုဖြစ်ပွား

ရှင်ပြုပွဲပြုလုပ်နေသည့် နားမှော်ကျေးရွာအနီးမိုင်းပေါက်ကွဲမှုဖြစ်ပွား

ရှင်ပြုပွဲပြုလုပ်နေသည့် ဗန်းမောက်မြို့နယ် နားမော်ကျေးရွာ  မိုင်းပေါက်ပွဲမှုတစ်ခု ဖေဖော်ဝါရီလ (၉)ရက်နေ့ ည ၇ နှစ်နာရီခွဲအချိန်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီကနေသိရပါတယ်။

“ ခုနကလေးတင် တစ်လုံးပေါက်တယ်။ အသံက အကျယ်ကြီးပဲ၊မြေကြီးတောင်တုန်သွားတယ် ၊ မိုင်းလား ၊  လက်နက်ကြီးလားမသိဘူး ၊ ရှင်ပြုပွဲက ဒီနေ့စတာ ၊ မနက်ဖြန် ရှင်လောင်းချမှာ “ လို့  နားမော်ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။

ဒီလိုပေါက်ကွဲမှုကြောင့် ပျက်စီးမှုမရှိပဲ အသံမိုင်းတာဖြစ်တယ်လို့ ပြောဆိုမှုများလည်းရှိနေပါတယ်။

ဒ့ါအပြင် ဗန်းမောက်မြို့နယ် မံပင် နဲ့ မံကပ်ကျေးရွာကြားကိုလည်း လူငယ်လေးဦးက အသံမိုင်းလာပစ်ပြီး ဆိုင်ကယ်နဲ့မောင်းပြေးသွားတယ်လို့ မံကပ်ဒေသခံတစ်ဦးက ဆိုပါတယ်။

“ မနေ့က မံပင်ကြားနဲ့ မံကပ်ရွာထိပ်ပေါ့နော့် မနေ့ညက ၇ နာရီ ၂၈ မိနစ်မှာ အသံမိုင်းတစ်လုံးပေါက်ကွဲတယ်ပေါ့နော့် ၊ ဘာမှတော့မဖြစ်ဘူး ၊ ထိခိုက်မှုတော့ဘာမှမဖြစ်ဘူး၊ ကွဲသွားတာကတော့ သူတို့ ဆိုင်ကယ်မောင်းရင်းနဲ့ မီးရှို့ပစ်သွားတာပေါ့” ဟု မံကပ်ဒေသခံတစ်ဦးက ပြောပြပါတယ်။

နားမှော်ကျေးရွာ နဲ့ မံကပ်ကျေးရွာတို့မှာ အသံမိုင်းပေါက်ကွဲမှုတွေက ဒီတစ်ပတ်အတွင်း ၅ ကြိမ်ထက်မနည်းဖြစ်ပွားနေပြီး ဘယ်သူ့လက်ချက်ဆိုတာတော့ မသိရသေးပါဘူး။

ဖေဖော်ဝါရီလကုန်မှာ ကျင်းပမယ့် အတန်းတင်စာမေးပွဲကာလမှာလည်း မိုင်းပေါက်ကွဲမှုဖြစ်ပွားမှာကိုလည်း ကျောင်းသား/သူ နဲ့ ဆရာ/မတွေကြား စိုးရိမ်မှုတွေက ရှိနေပါတယ်။

July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...
June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...