RCSS/SSA နဲ့ SSPP/SSA ရှမ်းအချင်းချင်းတိုက်ပွဲ စစ်ကောင်စီကလေယာဉ်နဲ့ပစ်ကူလို့နှစ်ဖက်အပြန်အလှန်စွပ်စွဲ

RCSS/SSA နဲ့ SSPP/SSA ရှမ်းအချင်းချင်းတိုက်ပွဲ စစ်ကောင်စီကလေယာဉ်နဲ့ပစ်ကူလို့နှစ်ဖက်အပြန်အလှန်စွပ်စွဲ

ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာအနီး RCSS/SSA  နဲ့  SSPP/SSA  ရှမ်းလက်နက်ကိုင် အချင်းချင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီက လေယာဉ်နဲ့ ပစ်ကူတယ်လို့  နှစ်ဖက်လုံးက အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။

မနေ့က ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ  ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာအနီး RCSS/SSA  နဲ့ SSPP/SSA ဦးဆောင်တဲ့ တပ်ပေါင်းစု တို့ တိုက်ပွဲဖြစ်ပွားခဲ့နေစဉ်အတွင်းမှာ စစ်ကောင်စီလေတပ်က လေယာဉ်နှစ်စင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေယာဉ်နှစ်စီးက SSPP/SSA ရဲ့ စစ်သားတွေရှိတဲ့နေရာကို လေယာဉ်နဲ့ ဗုံးကျဲခဲ့တာဖြစ်ပြီး (၂) ဦးထိခိုက်ခဲ့တယ်လို့ SSPP info က ဆိုပါတယ်။

RCSS/SSA ရဲ့ သတင်းစာမျက်နှာဖြစ်တဲ့ Tai freedoom ကတော့ စစ်ကောင်စီလေတပ်တွေက RCSS/SSA တပ်ရှိရာဘက်ကို အနည်းဆုံး ၂ ကြိမ် ၃ ကြိမ်လောက်  ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါထားပါတယ်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...