NLD ပါတီနဲ့ SNLD ပါတီ တို့ကို ရွေးကောက်ပွဲကော်မရှင် စစ်ဆေးသွားမည်

NLD ပါတီနဲ့ SNLD ပါတီ တို့ကို ရွေးကောက်ပွဲကော်မရှင် စစ်ဆေးသွားမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နဲ့  ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီတို့ကို ဖေဖော်ဝါရီလ ၁၄ ရက်ကနေ ၁၈ ရက်အတွင်း စစ်ဆေးသွားမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဒီနေ့  ဖေဖော်ဝါရီလ (၈) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ဆေးမယ့် စစ်ရင်းတွေထဲမှာ ရန်ကုန်အခြေစိုက်ပါတီတွေဖြစ်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၊ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ ( ပြည်ထောင်စုမြန်မာနိုင်ငံ ) လည်းပါဝင်ပါတယ်။

ပါတီဝင်အင်အား ၊  ပါတီပိုင်ရန်ပုံငွေနဲ့ ပစ္စည်းတွေ စုဆောင်း  ထိန်းသိမ်းခြင်း၊  သုံးစွဲခြင်း ၊ စစ်ဆေးခြင်းနဲ့  စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊  ပါတီဆိုင်ရာလုပ်ငန်းများကို ဥပဒေနှင့် အညီ  စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ တို့ကို စစ်ဆေးမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ထိ စစ်ဆေးပြီးတဲ့ နိုင်ငံရေးပါတီပေါင်း  ၆၇ ခုထိရှိခဲ့ပြီလည်းဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းပြီး ရွေးကောက်ပွဲကော်မရှင်အသစ်ကို ဖွဲ့စည်းကာ  ပါတီတွေကို စစ်ဆေးမယ်လို့ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

ဒီလိုစစ်ဆေးမှု သတင်းထုတ်ပြန်ချိန်တုန်းက နိုင်ငံံရေးပါတီတွေက ကန့်ကွက်မှုတွေရှိခဲ့ပြီး စစ်တပ်က မလိုလားတဲ့ ပါတီတွေကို ဖျက်သိမ်းဖို့   ရည်ရွယ်တယ်လို့ ဝေဖန်ပြောဆိုမှုတွေရှိခဲ့တာလည်းဖြစ်ပါတယ်။

August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...