အင်းတော်ကြီးအင်းမြှီးဒေသအနီးရှိ ဂျာလန်ရွှေမှော်ကို စစ်ကောင်စီလေတပ်တွေ ဗုံးကျဲ

အင်းတော်ကြီးအင်းမြှီးဒေသအနီးရှိ ဂျာလန်ရွှေမှော်ကို စစ်ကောင်စီလေတပ်တွေ ဗုံးကျဲ

အင်းတော်ကြီးအင်းမြှီးဒေသအနီးမှာရှိတဲ့ ဂျာလျှန်ရွှေမှော်ကို အနီးတဝိုက်ကို စစ်ကောင်စီတပ်တွေ ဖေဖော်ဝါရီလ ည သန်းခေါင်ကျော်မှာ ဗုံးကျဲခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဒီဗုံးကျဲမှုမတိုင်မှီက ဂျာလျှန်ရွှေမှော်အနီးပတ်ဝန်းကျင်မှာ KIA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲငယ်တွေဖြစ်ပွားနေတာ (၃) ရက်ခန့်ရှိနေပြီဖြစ်ပါတယ်။

တိုက်ပွဲမဖြစ်ပွားမှီ ရက်ပိုင်းမှာလည်း ရွှေမှော်မှာ လုပ်ကိုင်နေသူတွေကိုလည်း ပြောင်းရွေ့ကျဖို့နဲ့ ၊ တိုက်ပွဲဖြစ်ပွားပါက အပြင်မထွက်ကြဖို့ KIA ရော စစ်ကောင်စီတပ်ဘက်ကမှာ ပြောဆိုထားတယ်လို့ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။

“ မနေ့ညသန်းခေါင်က လေယာဉ်နိမ့်နိမ့်လေး ပျံပြီးသွားတာမဟုတ်ဘူး ၊ ဝဲနေတော ၊ ဗုံးကျဲတာထင်တယ် အသံက အကျယ်ကြီးပ  ၊ ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး  “ လို့ အင်းမြှီးဒေသခံ တစ်ဦးက ရှမ်းနီအသံကို ပြောဆိုပါတယ်။

စစ်ကောင်စီက အင်းတော်ကြီးဒေသ တုံပေ မိုင်းပုတ်ကျေးရွာတွေဘက်ကိုလည်း ၂၀၂၁ ခုနှစ်ကုန်မှာ လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်မှု တစ်ခုရှိခဲ့ပြီး အောက်တိုဘာလမှာလည်း မိုင်းနောင်ကျေးရွာအနောက်ဘက်ကို တစ်ကြိမ် ဗုံးကျဲခဲ့ပါတယ်။

၂၀၂၁ ကုန်လပိုင်းအတွင်းကစပြီး စစ်ကောင်စီတပ်တွေက တိုက်ပွဲတွေမှာ လေယာဉ်အသုံးပြုပြီး တိုက်ခိုက်မှု ခပ်စိပ်စိပ်ဖြစ်ပွားခဲ့ပါတယ်။

ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...