ပြည်ထောင်စု လွတ်တော်ကိုယ်စားပြုကော်မတီက ဖွဲ့စည်းပေးလိုက်တဲ့ NUG ကိုသာ နိုင်ငံတကာ နှင့် ပြည်သူလူထုတွေက အသိအမှတ်ပြုကြောင်း ယာယီသမ္မတ ပြောကြား

ပြည်ထောင်စု လွတ်တော်ကိုယ်စားပြုကော်မတီက ဖွဲ့စည်းပေးလိုက်တဲ့ NUG ကိုသာ နိုင်ငံတကာ နှင့် ပြည်သူလူထုတွေက အသိအမှတ်ပြုကြောင်း ယာယီသမ္မတ ပြောကြား

ဖေဖော်ဝါရီလ (၅) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် တတိယအကြိမ် အစည်းအဝေးကို တက်ရောက်သူ ၂၀၂၀ ရွေးကောက်ခံအမတ် (285)  ဦးတက်ရောက်ခဲ့တယ်လို့ CRPH က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီနေ့ဟာ CRPH ဖွဲ့စည်းခြင်း နှစ်ပတ်လည်နေ့လည်းဖြစ်ပါတယ်။

“ ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုတွေသာမကလို့ နိုင်ငံတကာမှာရှိတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းတွေကပါ စစ်ကောင်စီကို အသိအမှတ်မပြုပဲ ၊  NUG  အစိုးရကိုသာ အသိအမှတ်ပြုလာကြတာဟာ ပြည်ထောင်စုလွတ်တော်ကိုယ်စားပြု ကော်မတီရဲ့ နိုင်ငံရေးသတ္တိရှိမှု ၊ နိုင်ငံရေးပါးနပ်မှု နဲ့ နိုင်ငံရေးဦးဆောင်မှုကြောင့်ဖြစ်တယ်” လို့ အစည်းအဝေးမှာ တက်ရောက်ခဲ့တဲ့ ယာယီသမ္မတ ဒူဝါးလရှိီးလက ပြောဆိုခဲ့ပါတယ်။

CRPH က အမျိုးသားညီညွတ်ရေးအစိုးရကို  ၂၀၂၁ ခုနှစ် ဧပြီလ (၁၆)ရက်နေ့မှာ  ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင်  စစ်အာဏာရှင်တွေရဲ့ တရားဝင်မှုတွေကို ငြင်းပယ်နိုင်ဖို့ ၊ ဒီမိုကရေစီဆက်လက်ရှင်သန်နိုင်ဖို့ ပြည်ထောင်စု လွတ်တော်ကို ဆက်လက်ကျင်းပဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီလိုနိုင်ငံရေးအကြပ်အတည်းတွေကြားမှာ  NUG အတွက် လိုအပ်တဲ့ ဥပဒေပြုရေး နဲ့ အစိုးရကို ထိန်းကျောင်းပေးနိုင်ရေးကလည်း CRPH ရဲ့ တာဝန်ဖြစ်တယ်လို့ ပြောဆိုထားခဲ့ပါတယ်။

CRPH က 2008 ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၂၁ ခုနှစ် မတ်လမှာ ဖျက်သိမ်းလိုက်သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကဖြစ်လာတဲ့ အစည်းအဝေးတွေကို ဆက်လက်ကျင်းပနေပါတယ်။

ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...