ပြည်ထောင်စု လွတ်တော်ကိုယ်စားပြုကော်မတီက ဖွဲ့စည်းပေးလိုက်တဲ့ NUG ကိုသာ နိုင်ငံတကာ နှင့် ပြည်သူလူထုတွေက အသိအမှတ်ပြုကြောင်း ယာယီသမ္မတ ပြောကြား

ပြည်ထောင်စု လွတ်တော်ကိုယ်စားပြုကော်မတီက ဖွဲ့စည်းပေးလိုက်တဲ့ NUG ကိုသာ နိုင်ငံတကာ နှင့် ပြည်သူလူထုတွေက အသိအမှတ်ပြုကြောင်း ယာယီသမ္မတ ပြောကြား

ဖေဖော်ဝါရီလ (၅) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် တတိယအကြိမ် အစည်းအဝေးကို တက်ရောက်သူ ၂၀၂၀ ရွေးကောက်ခံအမတ် (285)  ဦးတက်ရောက်ခဲ့တယ်လို့ CRPH က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီနေ့ဟာ CRPH ဖွဲ့စည်းခြင်း နှစ်ပတ်လည်နေ့လည်းဖြစ်ပါတယ်။

“ ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုတွေသာမကလို့ နိုင်ငံတကာမှာရှိတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းတွေကပါ စစ်ကောင်စီကို အသိအမှတ်မပြုပဲ ၊  NUG  အစိုးရကိုသာ အသိအမှတ်ပြုလာကြတာဟာ ပြည်ထောင်စုလွတ်တော်ကိုယ်စားပြု ကော်မတီရဲ့ နိုင်ငံရေးသတ္တိရှိမှု ၊ နိုင်ငံရေးပါးနပ်မှု နဲ့ နိုင်ငံရေးဦးဆောင်မှုကြောင့်ဖြစ်တယ်” လို့ အစည်းအဝေးမှာ တက်ရောက်ခဲ့တဲ့ ယာယီသမ္မတ ဒူဝါးလရှိီးလက ပြောဆိုခဲ့ပါတယ်။

CRPH က အမျိုးသားညီညွတ်ရေးအစိုးရကို  ၂၀၂၁ ခုနှစ် ဧပြီလ (၁၆)ရက်နေ့မှာ  ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင်  စစ်အာဏာရှင်တွေရဲ့ တရားဝင်မှုတွေကို ငြင်းပယ်နိုင်ဖို့ ၊ ဒီမိုကရေစီဆက်လက်ရှင်သန်နိုင်ဖို့ ပြည်ထောင်စု လွတ်တော်ကို ဆက်လက်ကျင်းပဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီလိုနိုင်ငံရေးအကြပ်အတည်းတွေကြားမှာ  NUG အတွက် လိုအပ်တဲ့ ဥပဒေပြုရေး နဲ့ အစိုးရကို ထိန်းကျောင်းပေးနိုင်ရေးကလည်း CRPH ရဲ့ တာဝန်ဖြစ်တယ်လို့ ပြောဆိုထားခဲ့ပါတယ်။

CRPH က 2008 ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၂၁ ခုနှစ် မတ်လမှာ ဖျက်သိမ်းလိုက်သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကဖြစ်လာတဲ့ အစည်းအဝေးတွေကို ဆက်လက်ကျင်းပနေပါတယ်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...