ကရင်နီပြည်နယ်မှာ စစ်ကောင်စီအုပ်ချုပ်မှု ၉၀ ရာခိုင်နှုန်းရပ်တန့်သွားပြီလို့ KNDF ဆို

ကရင်နီပြည်နယ်မှာ စစ်ကောင်စီအုပ်ချုပ်မှု ၉၀ ရာခိုင်နှုန်းရပ်တန့်သွားပြီလို့ KNDF ဆို

ကရင်နီပြည်နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးကို စစ်ကောင်စီ အုပ်ချုပ်ထားနိုင်မှု ၉၀ရာခိုင်နှုန်း ရပ်တန့်သွားပြီး ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စိုးမိုးထားနိုင်မှု ၉၀ရာခိုင်နှုန်းအထိရှိလာပြီလို့ ကရင်နီအမျိုးသားအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။

“ ဒါဟာ မြေပြင်အခြေအနေနဲ့ စပ်လျဉ်းပြီးတော့ ကျနော်တို့ ထုတ်ပြန်လိုက်တဲ့အရာပေါ့နော။ ဒါက စစ်ကောင်စီကလည်း အုပ်ချုပ်ရေး ယန္တာရားကို လုံးဝမလည်ပတ်နိုင်တော့တဲ့ အနေအထားမျိုးပေါ့။ ကျနော်တို့ မြို့နယ် ၇မြို့နယ်မှာ ဘောလခဲကလွဲရင်တော့ ကျန်တဲ့ မြို့နယ်အားလုံးက ဒီဆေးရုံဆေးခန်း အဓိကကျတဲ့ ပညာရေး ကိစ္စတွေတောင် ဘာမှမလုပ်နိုင်တဲ့ အနေအထားဖြစ်တဲ့အတွက် ဒါဟာမှန်ကန်တယ်ဆိုတာကို ကျနော် ထပ်လောင်းပြီး ပြောပြချင်တယ်ပေါ့။”

ကရင်နီပြည်နယ်မှာ ကျေးရွာပေါင်း ( ၇၀၀) ကျော် စစ်ဘေးရှောင်နေရပြီး စစ်မရှောင်တဲ့ ကျေးရွာအထဲက ရွာပေါင်း၄၀၀ရွာမှာလည်း ကိုယ်ထူကိုယ်ထ ဆေးပေးခန်းတွေ၊ စာသင်ကျောင်းတွေကို ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍကနေပြီး ကိုယ်ထူကိုယ်ထ ဖွင့်လှစ်သင်ကြားနေတယ်လို့ဆိုပါတယ်။

“ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ဖရိုဖရဲဖြစ်မှုအပေါ် လူထုတွေ ဒေသအတွင်းမှာ တစ်နိုင်တစ်ပိုင် အုပ်ချုပ်ရေး ကိစ္စတွေ နောက် ဆေးပေးခန်းကိစ္စတွေ ပညာရေး ကိစ္စတွေ တစ်နိုင်တစ်ပိုင် လုပ်တဲ့အပေါ်မှာ ဆက်လက်ပြီးတော့ ထိန်းသိမ်းသွားဖို့ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားဖို့ ကျနော်တို့အနေနဲ့ ဒီကနေ တိုက်တွန်းချင်တယ်ဗျ။”

ကရင်နီပြည်နယ်မှာ KNDF တပ်ရင်းပေါင်း (၁၈)ရင်းရှိနေပြီး တပ်ဖွဲ့ဝင် ( ၆၂၇၇) ယောက်ရှိတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။ ၂၀၂၁ခုနှစ် ဩဂုတ်လ ၂၈ရက်နေ့မှာ ရဲCDM တွေပူပေါင်းပြီး ကရင်နီပြည်ရဲဌာနကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေပြီး ၂၀၂၂ခုနစ် ဖေဖော်ဝါရီလ ၁ရက်နေ့အထိ စစ်ကောင်စီဘက်က သေဆုံးသူ ၄၄၀ ဦး သေဆုံးသွားပြီလို့ KNDF ကထုတ်ပြန်ထားပါတယ်။

Most read this week

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...