ဟုမ္မလင်းမြို့ကတောင်ပေါ်ကျောင်း ဆရာတော်အရှင်တေဇနိယအပါအဝင် (၃) ဦးကို စစ်ကောင်စီထောင်ဒဏ်ချမှတ်

ဟုမ္မလင်းမြို့ကတောင်ပေါ်ကျောင်း ဆရာတော်အရှင်တေဇနိယအပါအဝင် (၃) ဦးကို စစ်ကောင်စီထောင်ဒဏ်ချမှတ်

ဟုမ္မလင်းမြို့က စစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်မှုတွေမှာ ပါဝင်ခဲ့တဲ့  ဟုမ္မလင်းတောင်ပေါ်ကျောင်းဆရာတော် အရှင်တေဇနိယ အပါအဝင် (၃) ဦးကို စစ်ကောင်စီက ဇန်နဝါရီလ ၂၈ ရက်နေ့မှ ချမှတ်လိုက်ကြောင်းသိရပါတယ်။

ဟုမ္မလင်းတောင်ပေါ်ကျောင်းဆရာတော် အရှင်တေဇနိယ ကို ထောင်ဒဏ် (၃) နှစ်နဲ့ (၆)လ ၊ ဦးဝင်းမောင် ( အောင်သမာဓိ ) ကို ထောင်ဒဏ် (၂) နှစ် နဲ့ နမ့်တောစံပြကျေးရွာက သပိတ်ခေါင်းဆောင် ကိုဘိုဘိုကို ထောင်ဒဏ်(၂) နှစ်ချမှတ်လိုက်တာဖြစ်ပါတယ်။

တောင်ပေါ်ကျောင်းဆရာတော် အရှင်တေဇနိယ နဲ့ ဦးဝင်းမော်(အောင်သမာဓိ) ကို ၂၀၂၁ ခုနှစ် ဇွန်လ (၁၆) ရက်နေ့မှာ စစ်တပ်က  လူဝတ်လဲ ဖမ်းဆီးလိုက်တာလည်းဖြစ်ပါတယ်။

သူတို့အားလုံးက စစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်မှုတွေမှာပါဝင်ခဲ့သူတွေဖြစ်ပြီး ခေါင်းဆောင်တွေနဲ့ ထောက်ပံ့သူတွေလည်းဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲမှာ ဖမ်းဆီးခံရသူ (၈) ဦးထဲမှာ (၃)ဦးကို တရားရုံးက အမိန့်ချလိုက်ပြီး ကျန်သူများက တရားဆက်လက်ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ဆိုပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း ခန္တီးမြို့နယ်က စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သည့် ကျားနီပါတီ ခန္တီးမြို့နယ်ဥက္ကဌကိုလည်း ထောင်ဒဏ် (၂)နှစ် ချလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြုစုထားတဲ့ စာရင်းတွေအရ မနေ့ကထိ ဖမ်းဆီးခံရသူ (8798) ဦးရှိပြီး ၆၅၄ ဦးကို ထောင်ဒဏ်ချမှတ်ခံထားရကြောင်း သိရပါတယ်။

ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...