Silent Strike သပိတ်မှာပါဝင်ရင်အရေးယူမယ်လို့ မိုးညှင်းမြို့နယ်မှာ စာထုတ်

Silent Strike သပိတ်မှာပါဝင်ရင်အရေးယူမယ်လို့ မိုးညှင်းမြို့နယ်မှာ စာထုတ်

အသံတိတ်သပိတ် Silent Strike သပိတ်တွင် ပါဝင်ရင် အရေးယူမယ်လို့ စစ်ကောင်စီက စာရွက်ထုတ်ဝေခဲ့ကြောင်း ဒေသခံတွဆီကနေသိရပါတယ်။

စာထဲမှာ အသံတိတ်သပိတ်ကို ပါဝင်မယ်ဆိုရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အပါအဝင် တခြား ဥပဒေပုဒ်မတွေနဲ့ပါ အရေးယူခံရမယ်လို့ ဆိုထားပါတယ်။

စျေးဆိုင်တချို့ကိုလည်း ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ ဆိုင်ပိတ်ရင် အရေးယူသွားမယ့်အကြောင်း စစ်ကောင်စီဘက်က ခေါ်ပြောဆိုမှုတွေလည်းရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

လာမယ့် အာဏာသိမ်းတစ်နှစ်ပြည့် တဲ့နေ့မှာ “ပြည်တော်ဝင်ဖို့ ရုန်းကြစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အသံတိတ်သပိတ် ပြုလုပ်ဖို့အတွက် တော်လှန်ရေးအဖွဲ့တွေက ဆော်ဩထားကြပါတယ်။

ဒီလိုသပိတ်လှုပ်ဖို့အတွက် ဆော်ဩခဲ့တဲ့ စျေးဆိုင်တချို့ကို စစ်ကောင်စီက ချက်ခြင်းဖမ်းဆီးပြီးတော့ ဆိုင်တွေကိုလည်း ချိတ်ပိတ်မှုတွေပြုလုပ်ခဲ့ပါတယ်။

တော်လှန်ရေးအဖွဲ့တွေကတော့ အသံတိတ်သပိတ်ကို ပုံစံပြောင်းပြီး ပြုလုပ်ဖို့အတွက် ထပ်မံပြောဆိုမှုတွေလည်းရှိနေပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အသံတိတ်သပိတ်မှာလည်း  မိုးညှင်းမြို့မှာ ဒီလိုသပိတ်မပြုလုပ်ဖို့  လိုက်လံပြောဆိုခြိမ်းခြောက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။ 

ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...