ဩစတြေးလျ Woodisde Petroleum ကုမ္ပဏီမြန်မာပြည်ကနေပြန်ထွက်ခွာတော့မယ်

ဩစတြေးလျ Woodisde Petroleum ကုမ္ပဏီမြန်မာပြည်ကနေပြန်ထွက်ခွာတော့မယ်

ဩစတြေးလျ ရေနံကုမ္မဏီဖြစ်တဲ့ Woodside Petroleum က မြန်မာပြည်ကနေ ပြန်ထွက်ခွာတော့မယ်လို့ ဒီနေ့မှာပဲ ကုမ္ပဏီဘက်က  ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

သူတို့ထွက်ခွာမှုက အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကြောင့်လို့ တခြားရေနံကုမ္ပဏီကြီးတွေဖြစ်တဲ့ တိုတယ်အယ်နာဂျီ နဲ့ ရှဗလွန်တို့နည်းတူပြောဆိုပါတယ်။

ပြီးခဲ့သည့် သီတင်းပတ်က Woodside က  နိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE နှင့် ထုတ်လုပ်မှု ခွဲဝေရေး စာချုပ်ကို နိုဝင်ဘာလတွင် ရပ်စဲခဲ့ပြီး ဒီနေ့မှာ  ကုမ္ပဏီက နိုင်ငံတွင်း ကျန်ရှိသည့် ၎င်း၏ လိုင်စင်များကို စွန့်လွှတ်မှာဖြစ်ကြောင်း ဂါးဒီးယမ်း သတင်းစာက ရေးသားထားပါတယ်။

Woodside ၏ CEO ဖြစ်သူ မီဂိုနီအို က “ Woodside ရဲ့  A-6 ဓာတ်ငွေ့အရင်းအမြစ်များကို ဖက်စပ်ပါဝင်သူများနှင့်အတူ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ မြန်မာနိုင်ငံပြည်သူများအတွက် အလွန်လိုအပ်နေတဲ့ စွမ်းအင်ကို ပေးဆောင်ဖို့ မျှော်လင့်ထားပေမယ့် Woodside က လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ဖို့ အလားအလာမရှိတော့ကြောင်း ပြောကြားခဲ့ပါတယ်။

Woodside က မြန်မာပြည်ထဲကို ၂၀၁၃ ခုနှစ်မှာ ဝင်ရောက်ခဲ့ပြီးတော့  ကုမ္ပဏီအနေ နဲ့က အခွန်ပေးပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ်မှာ အသားတင်အမြတ် အမေရိကန်ဒေါ်လာ ၁၃၈ သန်းအထိ ရှိထားတယ်လို့ ဆိုထားပါ တယ်။

Woodside  ထုတ်ပြန်ချက်မှာတော့ တရားဝင်ထွက်ခွာဖို့အတွက် လုပ်ထုံးလုပ်နည်းတွေကို စတင်တော့မှာဖြစ်တဲ့အကြောင်း ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့  ဇန်နဝါရီ (၂၁)ရက် သောကြာနေ့တုန်းကလည်း ပြင်သစ်ရေနံကုမ္ပဏီဖြစ်တဲ့ တိုတယ်အယ်နာဂျီ နဲ့ အမေရိကန်က ရှဗလွန်တို့က မြန်မာပြည်ထဲကနေ ထွက်ခွာတော့မှာဖြစ်တဲ့အကြောင်း သတင်းထုတ်ပြန်ခဲ့ကြပါတယ်။

Woodside က မြန်မာနိုင်ငံထဲကို ၂၀၁၃ ခုနှစ် ကတည်းက တူးဖော်ရေးနဲ့ ထုတ်လုပ်ရေးကို လုပ်ကိုင်ခဲ့တာလည်းဖြစ်ပါတယ်

July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...
June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...