စစ်ကိုင်းတိုင်းဒေသကြီးမှာ စစ်ဘေးရှောင်တစ်သိန်းတစ်သောင်းကျော်ရှိ

စစ်ကိုင်းတိုင်းဒေသကြီးမှာ စစ်ဘေးရှောင်တစ်သိန်းတစ်သောင်းကျော်ရှိ

စစ်ကိုင်းတိုင်းဒေသကြီးမှာ စစ်ဘေးတိမ်းရှောင်နေရသူ တစ်သိန်းတစ်သောင်းကျော်ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံးက ဒီနေ့မှာ ပြောဆိုပါတယ်။

UNOCHA ရဲ့ ထုတ်ပြန်တဲ့စာရင်းတွေအရ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၁၁၃၉၀၀ ဦး ၊ ချင်းပြည်နယ်မှာ ၃၃၈၀၀ ဦး ၊မကွေးတိုင်းမှာ ၂၀၁၀၀ ဦး ရှိနေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ပဋိပက္ခဖြစ်ပွားနေတဲ့နေရာဆီကို လုံခြုံရေးအခြေအနေနဲ့ သွားလာခွင့်ကန့်သတ်မှုတွေကြောင့် လူသားချင်စာနာမှုလုပ်ငန်းလည်း ဆောင်ရွက်ဖို့လည်း ခက်ခဲနေကြောင်း ရေးသားထားပါတယ်။

စစ်ကိုင်းတိုင်း ၊ ချင်းပြည်နယ် နဲ့ မကွေးတိုင်းက စစ်ဘေးရှောင်တဲ့သူတွေကို လိုအပ်နေတာတွေကို ပေးပို့ဖို့လည်း အခက်အခဲတွေရှိနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသတွေမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေက ပိုတိုးလာခဲ့ပါတယ်။

ပင်လည်ဘူးမြို့ပေါ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်တွေက  နီးစပ်ရာ မြို့နဲ့ကျေးရွာတွေဆီကို ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ပါတယ်။

ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...