စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ မြေးဖြစ်သူအား အိန္ဒိယဆရာဝန်ကြီး ၂ ဦး လာရောက်ခွဲစိတ်ပေး

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ မြေးဖြစ်သူအား အိန္ဒိယဆရာဝန်ကြီး ၂ ဦး လာရောက်ခွဲစိတ်ပေး

မြန်မာနိုင်ငံက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မြေးဖြစ်သူအား အိန္ဒိယနိုင်ငံ ဟိုင်ဒရာဘတ်မှ နှလုံးခွဲစိတ်ဆရာဝန်ကြီးနှစ်ဦး ရန်ကုန်သို့ လာရောက်ကာ ခွဲစိတ်ပေးခဲ့ကြောင်း အိန္ဒိယအခြေစိုက် The Hindu က ရေးသားထားသည်။

Dr. Nageswara Rao Koneti နှင့် Dr. Sheta Bakhru တို့သည် Rainbow Children’s Heart Institute မှ ဆရာဝန်ကြီးများ ဖြစ်ကြသည်။

၂၀၂၁ ဒီဇင်ဘာလအတွင်း၌ မင်းအောင်လှိုင်၏ မြေးဖြစ်သူကို သူတို့ နှစ်ဦး ခွဲစိတ်ပေးခဲ့ကြောင်း Dr. Rao က ပြောသည်။

“ကိုးလသား ကလေးငယ်ဟာ မွေးရာပါ နှလုံးရောဂါ ပါလာတာပါ၊ Rainbow Children’s Heart က ပညာရှင်အဖွဲ့ဟာ ကလေးရဲ့ ပုံမှန်မရှိတဲ့ နှလုံးအခေါင်းပေါက်ကို transcatheter device closure နည်းနဲ့ စက်ထည့်ပြီး ကုသခဲ့ပါတယ်၊ နောက်နေ့မှာပဲ ကလေးက ဆေးရုံက ဆင်းနိုင်ပြီး ခွဲစိတ်ပြီးနောက် ပုံမှန်ပြန်ဖြစ်လာခဲ့ပါတယ်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အဆိုပါ ခရီးစဉ်အတွင်းမှာပင် ၎င်းတို့အဖွဲ့သည် အလားတူ မွေးရာပါ နှလုံးအခေါင်းပေါက် ကျယ်သော ကလေးငယ် ၁၅ ဦးကို ခွဲစိတ်ကုသပေးခဲ့ကြောင်းလည်း သိရသည်။

၎င်းတို့က မြန်မာနိုင်ငံမှ အထူးကုဆရာဝန်များကိုလည်း လေ့ကျင့်သင်ကြားပေးခဲ့သည်ဟု Dr. Rao က ဆိုသည်။

အိန္ဒိယနှင့် မြန်မာအကြား Care Foundation ၏ အကူအညီဖြင့် ကလေးသူငယ် နှလုံးရောဂါကုထုံးဆိုင်ရာ သင်တန်းပေးခြင်း စီမံကိန်းကို အိန္ဒိယသမ္မတဟောင်း Dr. A.P.J.Abdul Kalam ကစတင် အစပျိုးခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ ကလေးနှလုံးရောကုထုံးနှင့် နှလုံးခွဲစိတ်ခြင်း နယ်ပယ်မှ လူ ၁၀ ဦးကျော်ကို Dr. Rao က လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း” အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...