ချင်းတော်လှန်ရေးအဖွဲ့များ အိုက်ဇောလ်၌ သီးခြားစီတွေ့ဆုံဆွေးနွေး

ချင်းတော်လှန်ရေးအဖွဲ့များ အိုက်ဇောလ်၌ သီးခြားစီတွေ့ဆုံဆွေးနွေး
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား ပြန်လည်သင့်မြတ်ရေး အတွက် ဆွေးနွေးပွဲကျင်းပခဲ့ပြီး အဖွဲ့အစည်းများနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် အမေရိကန်နိုင်ငံ အခြေ စိုက် ချင်းငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအဖွဲ့တို့ ဦးဆောင်၍ ‘ချင်းငြိမ်းချမ်းရေး ထိပ်သီး ဆွေးနွေးပွဲ ၂၀၂၆’ ခေါင်းစဉ်ဖြင့် အိုက်ဇောလ်မြို့ရှိ Aijal Club ၌ ဩဂုတ်လ ၆ ရက်မှ ၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့ ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “လတ်တ လော ချင်းပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေး အခြေအနေတွေအရ သုံးပွင်ဆိုင် တွေ့ဆုံမှုကတော့ မလုပ် ဖြစ်ခဲ့ဘူးပေါ့။ ဒါပေမဲ့ ဖိတ်ကြားတဲ့ အစိုးရနဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ရတာမျိုးရှိပါတယ်။ နောက်မှာလည်း ဆက်လက်တွေ့ဆုံသွားဖို့ရှိပါတယ်” ဟု ပြောသည်။

ဆွေးနွေးပွဲတွင် ဖြစ်မြောက်ရေး ဦးဆောင်သူများအပြင် သဘောထားကွဲလွဲနေသည့် ချင်းတော်လှန်ရေး အင်အား စုများ ဖြစ်သော ချင်းပြည်ကောင်စီ (CC)၊ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ ချင်းညီနောင် (ICNCC/CB) တို့မှ ခေါင်းဆောင်များ၊ ဒေသခံ ဘာသာရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် မီဇိုလူငယ် အသင်း (CYMA) ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

စစ်ဘေးရှောင်များနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စများတွင် ပူးပေါင်းဆောင်ရွက် ရန်၊ တော်လှန်ရေးကာလအတွင်း အပြန်အလှန်ဆက်သွယ်မှုများ ဆက်လက်လုပ်ဆောင်ရန်နှင့် ဆက်လက် ပြုလုပ်မည့် ဆွေးနွေးပွဲများတွင် အဖွဲ့အစည်းတာဝန်ရှိသူများ စုံညီစွာ တက်ရောက်နိုင်ရေးတို့ကို သီးခြားတွေ့ဆုံ မှုများအတွင်း အကြံပြုခဲ့ကြောင်း ဆလိုင်းထက်နီက ပြောသည်။

အဖွဲ့အစည်းများနှင့် သီးခြားစီတွေ့ဆုံခဲ့သော်လည်း ညစာစားပွဲအခမ်းအနားတွင် အဖွဲ့အစည်းအသီးသီးမှ ကိုယ် စားလှယ်များ အလွတ်သဘော တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံမှုများအတွင်း ဆွေးနွေးခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ သိရှိနိုင်ရန် ICNCC/CB တာဝန်ရှိသူကို မဇ္ဈိမက ဆက်သွယ်ထားဆဲ ဖြစ်သည်။

လတ်တလော ချင်းပြည်တွင် မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များ၌ စစ်အုပ်စုတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွား နေပြီး ချင်းတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းများကို တိုက်ခိုက်ရန် တီးတိန်နှင့် ဖလမ်းမြို့များတွင် စစ်အုပ်စုတပ်က စစ်ရေးပြင်ဆင်စုဖွဲ့မှုများ ပြုလုပ်နေသည်။

ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ ၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသ အခြေစိုက် ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ချင်းပြည်ကောင်စီ (CC) ကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင် မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ဖလမ်း၊ တီးတိန်နှင့် မရာအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ များ၊ ၂၀၂၀ လွှတ်တော်ကိုယ်စားလှယ်များနှင့် CDM များဖြင့် ဖွဲ့စည်းထားသည့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ/ ချင်းညီနောင် (ICNCC/CB) တို့ကဲ့သို့ သဘောထားကွဲလွဲနေသည့် ချင်းအင်အားစုများ လည်း ရှိနေသည်။

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...
ဓာတ်ပုံ – အထည်ချုပ်စက်ရုံတွင်းပုံ / Crd
August 20, 2026
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမားများကို အချိန်ပို...