မြန်မာ့အကျပ်အတည်းအတွက် ငြိမ်းချမ်းသော အဖြေတစ်ခု ရရှိရန် မျှော်လင့်ထားဟု ဟွန်ဆန် ပြော

မြန်မာ့အကျပ်အတည်းအတွက် ငြိမ်းချမ်းသော အဖြေတစ်ခု ရရှိရန် မျှော်လင့်ထားဟု ဟွန်ဆန် ပြော

မြန်မာနိုင်ငံကို ဇန်နဝါရီ ၇ ရက်တွင် လာရောက်ရန် ပြင်ဆင်နေသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ၎င်းအနေဖြင့် မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပွားနေသည့် အကျပ်အတည်းအတွက် ငြိမ်းချမ်းသော ဖြေရှင်းနည်းတစ်ခုရနိုင်ရန် မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု သိရသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို နှင့် ဇန်နဝါရီ ၄ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် မြန်မာ့အရေးအပေါ် ၎င်း၏ အကောင်းမြင်၊ ယုံကြည်မှု ရှိမှုကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

အလားတူ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန် အောင်မြင်မှု ရရှိပြီး ကံကောင်းပါစေဟု အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီက ဆန္ဒပြု ပြောဆိုခဲ့ကြောင်း သိရသည်။

ဟွန်ဆန်နှင့် ဂျိုကိုဝီ တို့ ဖုန်းဆက် ဆွေးနွေးမှု ရလဒ်နှင့်ပတ်သက်ပြီး ကမ္ဘောဒီးယားနိုင်ငံခြားရေးရာနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

"ခေါင်းဆောင်နှစ်ဦးဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေနဲ့ပတ်သက်လို့ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါတယ်၊ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ရရှိစေဖို့အတွက် သင့်တော်တဲ့ ဖြေရှင်းနည်းတွေ ရှာရာမှာ မြန်မာကို ကူညီမယ့် အာဆီယံရဲ့ အားထုတ်မှုတွေကို အာရုံစိုက်ဖို့ အရေးတကြီး လိုအပ်တယ်ဆိုတာကိုလည်း နှစ်ဦးစလုံးက အလေးပေး ပြောခဲ့ကြပါတယ်" ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုကဲ့သို့ ဟွန်ဆန်၏ မြန်မာပြည်ခရီးစဉ် မတိုင်မီ ရက်အနည်းငယ်အလိုတွင် ဂျိုကိုဝီ နှင့် ဆွေးနွေးပြောဆိုမှုကို ကြည့်မည်ဆိုပါက ယင်းသည် အာဆီယံအတွင်း စည်းလုံးညီညွတ်မှု ရှိသည် ဆိုသည်ကို မြန်မာနိုင်ငံအတွင်း ပဋိပက္ခနှင့် သက်ဆိုင်သူအားလုံးကို ပြသသည့် အများပြည်သူဆိုင်ရာ ဒစ်ပလိုမေစီ ပုံစံတစ်ခုဖြစ်ကြောင်း ကမ္ဘောဒီးယား ဒီမိုကရေစီ အင်စတီကျူ့မှ ပူးတွဲတည်ထောင်သူ ရို ဗန်နက်ခ်က ပြောသည်။

အင်ဒိုနီးရှားသည် ယခင်ကာလများအတွင်း ဒေသတွင်း ပဋိပက္ခများ၌ ဖျန်ဖြေသူနှင့် ပံ့ပိုးပေးသူအဖြစ် အရေးကြီးသော အခန်းကဏ္ဍကနေ ပါဝင်ထားသည့်အတွက် ဒေသတွင်းကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးမှုတိုင်းအတွက် အင်ဒိုနီးရှား၏ အမြင်သဘောထားကို ဟွန်ဆန်က အထူးအလေးပေး တန်ဖိုးထားမှု ရှိသည်ဟု ဗန်နက်ခ်က ပြောခဲ့သည်။

၎င်း၏ မြန်မာပြည် ခရီးစဉ် အဆင်ပြေချောမွေ့စေရန်နှင့် အကျိုးရှိသည့် ရလဒ်များ ရရှိစေရန်အလို့ငှာ ဟွန်ဆန်အနေဖြင့် အင်ဒိုနီးရှား၏ အပြည့်အဝ ထောက်ခံမှုကို လိုကောင်းလိုနိုင်ပြီး ယင်းကဲ့သို့ ဂျိုကိုဝီ နှင့် ဖုန်းခေါ်ဆိုဆွေးနွေးမှုက အဆိုပါ ထောက်ခံမှုမျိုးကို ထုတ်ဖော်ပြသခဲ့နိုင်ကြောင်း ဗန်နက်ခ်က ပြောခဲ့သည်။

ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...