သံဃာအတုများ၏ အကြမ်းဖက်နေမှုများကို တားမြစ်ပေးရန် နိုင်ငံတော် သံဃမဟာနာယက ထံလျှောက်ထား

သံဃာအတုများ၏ အကြမ်းဖက်နေမှုများကို တားမြစ်ပေးရန် နိုင်ငံတော် သံဃမဟာနာယက ထံလျှောက်ထား

နိုင်ငံရေးအတွက် ဘာသာရေးကို ခုတုံးလုပ်ကာ သံဃာအတုများဖန်တီးပြီး သင်္ကန်းဝတ်များဖြင့် အကြမ်းဖက် လုပ်ဆောင်နေသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကို တားမြစ်ပေးရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ထံ သံဃသမဂ္ဂ (မန္တလေး)က စာပေးပို့လျှောက်ထားကြောင်း သိရသည်။

“ဘုန်းကြီး အတုယောင်များ ဖန်တီးကာ သင်္ကန်းများကို အသုံးချလျက် အကြမ်းဖက်မှု လုပ်ဆောင်နေခြင်းများနှင့် သာသနိကအဆောက်အအုံများအတွင်း တပ်စွဲနေထိုင်ခြင်းများကို တားမြစ်ပေးတော်မူကြပါ ” ဟု သံဃသမဂ္ဂ (မန္တလေး)က သတင်းထုတ်ပြန်ကြေညာချက်တွင် ရေးသားထားသည်။

ဂန့်ဂေါ ၊ ယော ၊ ကလေးမြို့နယ် နှင့် အရာတော်မြို့နယ်ရှိ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များ၏ သတင်းထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်ကောင်စီတပ်မှာ ဘုန်းကြီးအတုအယောင်များ ဖန်တီးကာ သင်္ကန်းဝတ်များဖြင့် အကြမ်းဖက်မှုများ လုပ်ဆောင်နေလျက်ရှိနေကြောင်းကို သံဃသမဂ္ဂ(မန္တလေး)က ဒီဇင်ဘာလ ၂၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များက ဒေသအသီးသီးရှိ သာသနိက အဆောက်အအုံများ ၊ ဘုန်းကြီးကျောင်းတိုက်များ၊ ဓမ္မာရုံများ စေတီပရိဝုဏ်များ ၊သာသနာ့ဗိမာန်များ၊ သာသနာ့နယ်မြေများအတွင်း တပ်စွဲနေထိုင်စားသောက်လျက် အကြမ်းဖက်မှုများ ကျုးလွန်နေကြသည်ကို တားမြစ်ပေးရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ထံ ပေးပို့သည့်စာတွင် ရေးသားထားသည်။

ဘုန်းကြီးအတုများဖန်တီးကာ သင်္ကန်းဝတ် များဖြင့် အကြမ်းဖက်လုပ်ဆောင်နေခြင်းများအား မည်သည့်အဖွဲ့အစည်း ၊ မည်သည့်ပုဂ္ဂိုလ်က ကျူးလွန်သည်ဖြစ်ပါစေ သာသနာအရေး ‌မျှော်တွေးတော်မူကြလျက် လျှင်လျှင်မြန်မြန် တားမြစ်ပေးတော်မူကြပါ ဟု သံဃသမဂ္ဂ ( မန္တလေး )က ပြောသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...