ပုသိမ်မြို့နယ်တွင် စစ်ကောင်စီက ၎င်းတို့ဖမ်းဆီးသွားသူ၏ ရုပ်အလောင်းကို ရွာအနီးတွင် လာပစ်ဟုဆို

ပုသိမ်မြို့နယ်တွင် စစ်ကောင်စီက ၎င်းတို့ဖမ်းဆီးသွားသူ၏ ရုပ်အလောင်းကို ရွာအနီးတွင် လာပစ်ဟုဆို

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စု၊ကျောက်ဖျာ ကျေးရွာနေ အသက် ၅၀ ကျော်အရွယ် ဦးမြသန်းဆိုသူကို စစ်ကောင်စီတပ်များက ဖမ်းဆီးသွားပြီး သုံးရက်အကြာတွင် အဆိုပါရွာအနီး စမ်းချောင်းတစ်ခုထဲသို့ ထိုသူ၏ ရုပ်အလောင်း လာပစ်သွားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်များက ဦးမြသန်းကို ဒီဇင်ဘာလ ၁၈ ရက်တွင် PDF များနှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် နှိပ်စက်ခံထားရသော ဒဏ်ရာများနှင့် ၎င်း၏ ရုပ်အလောင်းကို ပြန်လာပစ်သွားခြင်းဖြစ်ကြောင်း ရှောပြာကျေးရွာ ဒေသခံတစ်ဦးကပြောသည်။

"ဦးမြသန်းနေတဲ့ ရွာက ချောင်းသာတောထဲမှာရှိတဲ့ ကျောက်ဖျာဆိုတဲ့အစုလေးပါ။ အိမ်ခြေလည်းအများကြီးမရှိပါဘူး။ ပြီးတော့ ဦးမြသန်းက အသက်၅၀ ကျော်နေပြီလေ ဘာလုပ်နိုင်တော့မှာလဲ။ အဲတာကို PDF နဲ့ အဆက်သွယ်ရှိတယ်ဆိုပြီး ဖမ်းသွားကြတာပါ။ အလောင်းကိုတော့ စစ်ခွေးတွေ လာပစ်သွားတဲ့နေရာမှာ အဲ့ဒီရွာကလူတွေသွားယူပြီး သင်္ဂြိုဟ်လိုက်တယ်"ဟု ဆိုသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်များနှင့် ရဲများက ချောင်းသာ-ပုသိမ် ကားလမ်းဘေးရှိ ကျေးရွာများတွင် တပ်စွဲထားခြင်း၊ အဆိုပါကားလမ်းပေါ်တွင် ပိတ်ဆို့စစ်ဆေးခြင်း၊ ချောင်းသာတောအုပ်များထဲတွင် စခန်းချထားခြင်း၊ ဒေသခံပြည်သူများအား ပေါ်တာဆွဲခြင်းနှင့် ကားလမ်းဘေး ဝဲ၊ ယာတွင် ကင်းပုန်းအများအပြားချထားခြင်း များကို ဆက်လက်ပြုလုပ်နေပြီး စစ်လေယာဥ်များက ချောင်းသာတောအုပ်များပေါ်တွင် မကြာခဏဆိုသလို ပျံသန်းနေကြောင်း ဒေသခံများကပြောသည်။

(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...
ဓာတ်ပုံ – အထည်ချုပ်စက်ရုံတွင်းပုံ / Crd
August 20, 2026
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမားများကို အချိန်ပို...