ပုသိမ်တွင် ရဲတပ်ဖွဲ့က သားမက်ကိုဖမ်းဆီးပြီး ယောက္ခမ ဖြစ်သူကို ပစ်သတ်

ပုသိမ်တွင် ရဲတပ်ဖွဲ့က သားမက်ကိုဖမ်းဆီးပြီး ယောက္ခမ ဖြစ်သူကို ပစ်သတ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် (၇) ရပ်ကွက် မာတအရပ်၊ ကမ်းနားလမ်းတွင် နေထိုင်သော ဒေါ်မဌေး ဆိုသူကို ပုသိမ်နယ်မြေ ရဲစခန်းမှ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၁၀ နာရီခန့်က သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ၎င်း၏သားမက်ဖြစ်သူကို ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

"ရဲတွေက ဒေါ်မဌေးရဲ့ သားမက်ကို လာဖမ်းကြတာပါ၊ ဘာဖြစ်လို့ ဖမ်းတယ်ဆိုတာတော့ မသိဘူး၊ ဒေါ်မဌေးက ရဲတွေ အိမ်ရှေ့ရောက်လာတော့ အိမ်ရှေ့ထွက်ပြီး စကားပြောတာမှာ ရဲတစ်ယောက်က လည်ပင်းကို တေ့ပစ်သွားတာ၊ ပြီးတော့ ဒေါ်မဌေးရဲ့ သားမက်ကို အိမ်ထဲကို ဝင်ဖမ်းပြီး တရွတ်တိုက် ဆွဲခေါ်သွားကြတယ်" ဟု မာတအရပ်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ဒေါ်မဌေးသည် ၎င်း၏အိမ်ရှေ့တွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ပုသိမ်နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မာတအရပ်တွင် နေထိုင်သူတစ်ဦးက အတည်ပြု ပြောဆိုသည်။

စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များက သေဆုံးသူ ဒေါ်မဌေး၏ အလောင်းကို ပုသိမ်ဆေးရုံ ရင်ခွဲရုံသို့ သယ်ဆောင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး မာတအရပ် ကမ်းနားလမ်းရှိ နေအိမ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

Most read this week

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...