လေးကေ့ကော် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဦးရေ ၈၀၀၀ ကျော်အထိတိုးလာ

လေးကေ့ကော် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဦးရေ ၈၀၀၀ ကျော်အထိတိုးလာ

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့တွင် စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသတွင်း စစ်ဘေးရှောင် နေရသူ ဦးရေ ၈၀၀၀ ကျော်အထိ တိုးလာကြောင်း ဒေသအာဏာပိုင်များနှင့် ကူညီဆောင်ရွက် ပေးနေသူများက ပြောသည်။

ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းအထိ မြန်မာဖက်ခြမ်းတွင် စစ်ဘေးရှောင် ၆၀၀၀ ဝန်းကျင်ရှိကြောင်း လေးကေ့ကော်မြို့သစ် အုပ်ချုပ်ရေးမှူးက အတည်ပြုသည်။

အလားတူ ထိုင်းနိုင်ငံဖက်သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင် ဦးရေမှာလည်း ၂၅၀၀ ဝန်းကျင်အထိ ရှိလာကြောင်း AAC မှ ကိုရဲမင်းက အတည်ပြုသည်။

“နှစ်ခုပေါင်းဆိုရင် ၁၀,၀၀၀ ဝန်းကျင်အထိ ရှိနိုင်တယ်။ ဘာလို့ဆို မနေ့က တိုက်ပွဲအကြီးအကျယ်ဖြစ်တဲ့ မယ်ထော်တလေး ဆိုတဲ့ရွာမှာကို လူဦးရေ သောင်းကျော်ရှိတာကိုး” ဟု ၎င်းကဆိုသည်။

ဒီဇင်ဘာ ၁၇ ရက်နေ့တွင်မူ ထိတွေ့တိုက်ပွဲ မရှိသေးသော်လည်း စစ်ကောင်စီတပ်ဘက်မှ နံနက် ၉ နာရီကျော်မှစတင်ကာ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း လေးကေ့ကော်မြို့သစ် အုပ်ချုပ်ရေးမှူးက ဒီဇင်ဘာ ၁၇ ရက်၊ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ပြောသည်။

“ဒီမနက်ကတော့ မယ်ထော်တလေးနဲ့ လေးကေ့ကော်တို့ကို လက်နက်ကြီးနဲ့ ချနေတယ်။ ဒီလိုပဲ ထပစ်နေရင်တော့ လူထုကတော့ လွတ်ရာကျွတ်ရာ ပြေးရမှာပဲ။ တစ်မိနစ်ခြား တစ်လုံးလောက် ကျနေတာ၊ တစ်ခါတည်း ပြိုင်တူ နှစ်လုံး၊ သုံးလုံး ကျတာလည်းရှိတယ်” ဟု လေးကေ့ကော်မြို့သစ် အုပ်ချုပ်ရေးမှူး က အတည်ပြုသည်။

စစ်ဘေးရှောင် အများစုမှာ ၎င်းတို့ နေရပ်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမည်ကို စိုးရိမ်သည့် အတွက် ထွက်ပြေးနေရခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

အလားတူ စစ်ကောင်စီဘက်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် တစ်လုံး ဒီဇင်ဘာလ ၁၆ ရက် ညနေပိုင်းက ထိုင်းနိုင်ငံဘက်သို့ ကျော်လွန်ကျရောက်ခဲ့၍ စစ်ဘေးရှောင်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...