လေးကေ့ကော်မြို့သစ်တိုက်ပွဲတွင် PDF များလည်း ဝင်တိုက်၊ စစ်ကောင်စီဘက်က ၁၂၀ မမ အမြောက် အသုံးပြု

လေးကေ့ကော်မြို့သစ်တိုက်ပွဲတွင် PDF များလည်း ဝင်တိုက်၊ စစ်ကောင်စီဘက်က ၁၂၀ မမ အမြောက် အသုံးပြု

ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းမှစ၍  ဖြစ်ပွားနေသည့် လေးကေ့ကော်မြို့သစ် တိုက်ပွဲတွင် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များလည်း ပါဝင်တိုက်ခိုက် နေကြောင်း တိုက်ပွဲ ဖြစ်ပွားရာအနီး ရှိနေသူများက ပြောသည်။

“လေးကေ့ကော် ဗျူးပွိုင့်က ဆင်းရင် ဘယ်ဘက်ခြမ်းမှာ သင်္ချိုင်းကုန်း ရှိတာကို အဲ့မှာ နှစ်ဖက်ဆိုင်ပြီး ပစ်နေကြတာ။ အသေအပျောက်ကတော့ အတိအကျ ပြောလို့ မရသေးဘူး ဖြစ်နေတယ် ” ဟု Soldier 96 -PDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်က လက်နက်ကြီးများ အသုံးပြုနေကြောင်းလည်း ၎င်းက ပြောသည်။

‘’ ၁၂၀ မမ လောက်နဲ့ကို ပစ်နေပါတယ်။ တချို့အိမ်တွေလည်း ထိခိုက်မှုတွေ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

လေးကေ့ကော်မြို့သစ်သို့ ရောက်ရှိနေသူ တစ်ဦးကမူ  ယနေ့ ဒီဇင်ဘာလ ၁၅ ရက်  နေ့လယ် ၁၂ နာရီ မိနစ် ၃၀ ဝန်းကျင်ထိ ဆိုပါက လက်နက်ကြီး ငါးလုံးထက်မနည်း  ကျရောက်ခဲ့ကြောင်းပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက လေးကေ့ကော်မြို့ပေါ် ရေတံခွန်အနီးရှိ အမြောက်ကုန်းမှ နေ၍ လက်နက်ကြီးများဖြင့် ပစ်နေခြင်း ဖြစ်သည်လည်း ဒေသခံများက  ပြောဆိုသည်။

ယခုသတင်းရေးနေသည့် အချိန်မတိုင်ခင် နီးကပ်သောအချိန်ကပင် မယ်ထော်တလေးရွာဘက်မှ နေ၍ တောလမ်း အသုံးပြုကာ စစ်ကောင်စီတပ်အင်အား အများအပြား ထပ်မံ လာရောက် နေကြောင်း ကနဦး သတင်းများ ထွက်လာသည်။

ပစ်ခတ်တိုက်ခိုက်မှုများကြောင့်  လေးကေ့ကော် မြို့သစ်တွင် ခိုလှုံသူများနှင့်  ဒေသခံများ အားလုံး ထွက်ပြေး တိမ်းရှောင်နေရသည်။ တိုက်ပွဲ နောက်ဆက်တွဲ အခြေအနေများကို မဇ္ဈိမက ဆက်လက် စုံစမ်းနေပြီး သတင်းများ ထပ်မံဖော်ပြသွားမည် ဖြစ်သည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...