စစ်သားများအလောင်း ဓါတ်ပုံရိုက်သည့် နာရေးကူညီမှုအသင်းအဖွဲ့ဝင် ထောင်ချခံရ

စစ်သားများအလောင်း ဓါတ်ပုံရိုက်သည့် နာရေးကူညီမှုအသင်းအဖွဲ့ဝင် ထောင်ချခံရ

တိုက်ပွဲတွင် ကျဆုံးခဲ့သည့် စစ်သားများအလောင်းကို ဓာတ်ပုံရိုက်မှတ်တမ်းတင်ခဲ့သူ  ဦးကျော်ဝင်း သံဖြူဇရပ်မြို့နယ် နာရေးကူညီမှုအသင်းအဖွဲ့ဝင်အား

ကျိုက်မရောထောင် အထူးတရားရုံးမှ ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဦးကျော်ဝင်းအား ကျိုက်မရောတရားရုံးမှ အသားရေဖျက်မှုအတွက်ထောင်ဒဏ် ၃ လကို ချမှတ်ခဲ့ပြီးနောက် ပုဒ်မ ၅၀၅ (က)အတွက် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ထောင်ဒဏ်တစ်နှစ်ထပ်မံကျခံစေရန် ဆုံးဖြတ်ခဲ့သည်။

"မနေ့ကပဲအမိန့်ချလိုက်ပါတယ်။ မိသားစုကတော့ ဘာဆက်လုပ်ကြမလဲ စဥ်းစားနေကြတုန်းပါဘဲ။ အခုတော့သူက ကျိုက်မရောထောင်ထဲမှာပဲ"ဟု သံဖြူဇရပ်နာရေးကူညီမှုအသင်း အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အောက်တိုဘာ ၂၀ ရက်နေ့တွင် သံဖြူဇရပ်-ဘုရားသုံးဆူမော်တော်ကားလမ်းမကြီးပေါ် အနန်းကွင်းနှင့် တောင်စွန်စခန်းအကြား မော်တော်ကားမိုင်းထိသဖြင့် စစ်တပ်ဘက်မှကျဆုံးခဲ့သော ယာယီတပ်ရင်းမှူး ဗိုလ်မှူးသန်းဝင်းထွန်း အပါအဝင် ၆ ဦး၏အလောင်းကို သယ်ဆောင်လာပြီး ဓါတ်ပုံမှတ်တမ်းတင်ခဲ့၍ လူမှုကွန်ယက်ပေါ်တွင် ဖြန့်ဝေခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်းကျဆုံးသူ စစ်သားများအလောင်းကို သံဖြူဇရပ်နာရေးကူညီမှုအသင်းမှ သွားကောက်ခဲ့သည့် အသင်းဝင် ၄ ဦးစလုံးအဖမ်းခံခဲ့ရကြောင်း၊ သို့ရာတွင် ၃ ဦးပြန်လည်

လွတ်မြောက်ခဲ့ပြီး ရုပ်အလောင်းဓာတ်ပုံများကို ဦးကျော်ဝင်းက Facebook စာမျက်နှာ

တွင် ဖြန့်ဝေခဲ့သောကြောင့် အသရေဖျက်မှုအပါအဝင် ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...