စစ်သားများအလောင်း ဓါတ်ပုံရိုက်သည့် နာရေးကူညီမှုအသင်းအဖွဲ့ဝင် ထောင်ချခံရ

စစ်သားများအလောင်း ဓါတ်ပုံရိုက်သည့် နာရေးကူညီမှုအသင်းအဖွဲ့ဝင် ထောင်ချခံရ

တိုက်ပွဲတွင် ကျဆုံးခဲ့သည့် စစ်သားများအလောင်းကို ဓာတ်ပုံရိုက်မှတ်တမ်းတင်ခဲ့သူ  ဦးကျော်ဝင်း သံဖြူဇရပ်မြို့နယ် နာရေးကူညီမှုအသင်းအဖွဲ့ဝင်အား

ကျိုက်မရောထောင် အထူးတရားရုံးမှ ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဦးကျော်ဝင်းအား ကျိုက်မရောတရားရုံးမှ အသားရေဖျက်မှုအတွက်ထောင်ဒဏ် ၃ လကို ချမှတ်ခဲ့ပြီးနောက် ပုဒ်မ ၅၀၅ (က)အတွက် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ထောင်ဒဏ်တစ်နှစ်ထပ်မံကျခံစေရန် ဆုံးဖြတ်ခဲ့သည်။

"မနေ့ကပဲအမိန့်ချလိုက်ပါတယ်။ မိသားစုကတော့ ဘာဆက်လုပ်ကြမလဲ စဥ်းစားနေကြတုန်းပါဘဲ။ အခုတော့သူက ကျိုက်မရောထောင်ထဲမှာပဲ"ဟု သံဖြူဇရပ်နာရေးကူညီမှုအသင်း အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အောက်တိုဘာ ၂၀ ရက်နေ့တွင် သံဖြူဇရပ်-ဘုရားသုံးဆူမော်တော်ကားလမ်းမကြီးပေါ် အနန်းကွင်းနှင့် တောင်စွန်စခန်းအကြား မော်တော်ကားမိုင်းထိသဖြင့် စစ်တပ်ဘက်မှကျဆုံးခဲ့သော ယာယီတပ်ရင်းမှူး ဗိုလ်မှူးသန်းဝင်းထွန်း အပါအဝင် ၆ ဦး၏အလောင်းကို သယ်ဆောင်လာပြီး ဓါတ်ပုံမှတ်တမ်းတင်ခဲ့၍ လူမှုကွန်ယက်ပေါ်တွင် ဖြန့်ဝေခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်းကျဆုံးသူ စစ်သားများအလောင်းကို သံဖြူဇရပ်နာရေးကူညီမှုအသင်းမှ သွားကောက်ခဲ့သည့် အသင်းဝင် ၄ ဦးစလုံးအဖမ်းခံခဲ့ရကြောင်း၊ သို့ရာတွင် ၃ ဦးပြန်လည်

လွတ်မြောက်ခဲ့ပြီး ရုပ်အလောင်းဓာတ်ပုံများကို ဦးကျော်ဝင်းက Facebook စာမျက်နှာ

တွင် ဖြန့်ဝေခဲ့သောကြောင့် အသရေဖျက်မှုအပါအဝင် ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။

May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...
May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...