သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ကို စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ်ချ

သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ကို စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ်ချ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးက ယနေ့ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထောင်ဒဏ် လေးနှစ် အမိန့်ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ၎င်းတို့ရင်ဆိုင်နေရသည့် အမှုများအနက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) အမှုအတွက် ထောင်ဒဏ် နှစ်နှစ်စီနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ် ၂ နှစ်စီ စုစုပေါင် တစ်ဦးလျှင် ထောင်ဒဏ် လေးနှစ်စီ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်အတူ နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) အမှုတွဲတွင် ပါဝင်သော နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကိုလည်း ၅၀၅ (ခ) အတွက် ထောင်ဒဏ် နှစ်နှစ် ယနေ့အမိန့်ချမှတ်လိုက်သည်။

ထို့ကြောင့် နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ထောင်ဒဏ် လေးနှစ်နှင့် ဒေါက်တာမျိုးအောင်ကို ထောင်ဒဏ် နှစ် စစ်ကောင်စီက အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) အမှုနဲ့ စွဲဆိုခံထားရသော စစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC)၏ ထုတ်ပြန်ချက်အပေါ် တာဝန်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

ထိုအမှုများအတွက် နောက်ဆုံးစီရင်ချက်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်တွင် အမိန့်ချရမည်ဖြစ်သော်လည်း ထိုနေ့က အမိန့် မချမှတ်ဘဲ ယနေ့ ရုံးချိန်းမှသာ အပြီးသတ် စီရင်ချက် ချမှတ်ရန် တရားရုံးက ရက်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ရှည်ထောင်ဒဏ်များချမှတ်နိုင်သည့် စုစုပေါင်း အမှု၁၂ ခုဖြင့် တရားရင်ဆိုင်နေရခြင်းလည်းဖြစ်သည်။

July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...