မြန်မာ ပြည်တွင်းအကျပ်အတည်းကို ပြည်ပစွက်ဖက်မှု မပါဘဲ ဖြေရှင်းသင့်ဟု ပူတင် ပြော

မြန်မာ ပြည်တွင်းအကျပ်အတည်းကို ပြည်ပစွက်ဖက်မှု မပါဘဲ ဖြေရှင်းသင့်ဟု ပူတင် ပြော

မြန်မာနိုင်ငံ၏ ပြည်တွင်း အကျပ်အတည်းကို ဖြေရှင်းရာတွင် ပြည်ပမှ ကြားဝင်စွက်ဖက်မှု မပါဘဲ ဖြေရှင်းသင့်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၁ ရက်က နိုင်ငံခြားသံအမတ်များ၏ သံအမတ်ခန့်အပ်လွှာများကို လက်ခံသည့် အခမ်းအနားတစ်ခုတွင် ပူတင်က အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။

"မြန်မာနိုင်ငံရဲ့ ပြည်တွင်း နိုင်ငံရေး၊ တိုင်းရင်းသားလူမျိုးစုများအရေးနဲ့ ဘာသာရေးဆိုင်ရာ ကွဲလွဲမှု စတဲ့ အခြေအနေတို့ကို ပြည်ပရဲ့ ဝင်ရောက်စွက်ဖက်မှု မပါဘဲ ဖြေရှင်းသင့်ပါတယ်၊ ဒါကို နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုအပေါ် အခြေတည်ပြီး မြန်မာပြည်သူတွေကိုယ်တိုင်ပဲ ဖြေရှင်းသင့်ပါတယ်" ဟု ပူတင်က ပြောခဲ့သည်။

ရုရှားနှင့် မြန်မာအကြား ဆက်ဆံမှုက အစဉ်အလာအားဖြင့် ရင်းနှီးဖော်ရွေသည့် သဘောသဘာဝတစ်ခု ရှိသည်ဟု ပူတင်က ပြောသည်။

"ပူးတွဲ အားထုတ်မှုတွေကနေတဆင့် ကျွန်တော်တို့ဟာ စီးပွားရေး၊ စစ်ဘက်၊ နည်းပညာ နဲ့ ပညာရေး လမ်းကြောင်းတွေမှာ အောင်မြင်တဲ့ အပြန်အလှန် အကျိုးပြုမှုတွေ ဆက်လက်ရရှိစေအောင် လုပ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" ဟုလည်း ရုရှားခေါင်းဆောင်က ပြောခဲ့သည်။

ဖေဖေါ်ဝါရီလ ၁ ရက်တွင် မြန်မာစစ်တပ်သည် အာဏာသိမ်းပြီး အရေးပေါ်အခြေအနေ တစ်နှစ် ကြေညာကာ ရွေးကောက်ခံ အရပ်သားအစိုးရ ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ရွေးကောက်ပွဲ မဲမသမာမှုများ ရှိခဲ့သည်ဟု ဆိုပြီး စစ်တပ်က အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ဖေဖေါ်ဝါရီ အစပိုင်းမှ စပြီး နိုင်ငံတဝန်း စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်ထားခဲ့သည်။

August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...
ဓာတ်ပုံ - စစ်အုပ်စုတပ်
August 24, 2026
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် ရပ်ကွက်နှင့် လမ်းကြိုလမ်းကြားများအထိ နေ့ညမရွေး...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...