သေနတ် ၂ လက် ပျောက်သည်ဟုဆိုကာ စစ်ကောင်စီက တစ်ရွာလုံးနီးပါးကို ဖမ်းဆီးစစ်ဆေး

သေနတ် ၂ လက် ပျောက်သည်ဟုဆိုကာ စစ်ကောင်စီက တစ်ရွာလုံးနီးပါးကို ဖမ်းဆီးစစ်ဆေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်ရှိ ရေကျော်‌ကျေးရွာတွင် စစ်ကောင်စီတပ်က သေနတ်နှစ်လက်ပျောက်သည်ဟုဆိုကာ တစ်ရွာလုံးနီးပါးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ကင်းစောင့်စစ်သားများ၏ သေနတ်နှစ်လက် နိုဝင်ဘာလ ၃၀ ရက် ညပိုင်းက ပျောက်ဆုံးသွားသည်ဟု စစ်ကောင်စီတပ်က ဆိုကြောင်း သိရသည်။

“စစ်သားတွေက မနေ့ကတည်းက သေနတ်နှစ်လက်ပျောက်လို့ဆိုပြီး ရွာထဲမှာ တစ်အိမ်တစ်ယောက်ခေါ်တယ်။ ပြီးတော့ ပြန်မလွှတ်ဘဲ လူထုဗဟိုပြု ခန်းမထဲ ထည့်ထားပြီး ရိုက်နှက် နှိပ်စက်တယ်။ တစ်ယောက်ကို အနိမ့်ဆုံး ငါးသိန်းနဲ့ လာရွေးခိုင်းတယ်။ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်လေးကို ၁၀သိန်းနဲ့ လာရွေးခိုင်းတယ်။ ရွာမှာ တော်တော်လေး အခြေအနေ ဆိုးနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရေကျော်ကျေးရွာတွင် စစ်ကား ၁၃ စီးရောက်ရှိနေပြီး ကျေးရွာရှိ လူလတ်ပိုင်းများနှင့် လူငယ်များအပါအဝင် အယောက် ၂၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ပြီး ရွာအနီးရှိ ချောင်းထဲတွင်လည်း ရွာသားများကို ရေငုတ်ပြီး ရှာခိုင်းနေကြောင်း ဒေသခံထံမှ သိရသည်။

“အဖမ်းခံထားရသူတွေထဲမှာ နေမကောင်းဖြစ်နေတဲ့သူလည်း ပါတယ်။ ထမင်းလည်းမကျွေးဘူး။ ထမင်းပို့တာလည်း လက်မခံဘူး။ နေပူထဲမှာ ထားတယ်လို့ သိရတယ်” ဟု ဒေသခံ နောက်တစ်ဦးက ပြောသည်။

ဖမ်းဆီးစစ်ဆေးခံရ‌‌နေသူများကို လက်ရှိအချိန်အထိ ပြန်မလွှတ်သေးသည့်အပြင့် ယနေ့ မနက် ၁၀ နာရီ မိနစ် ၃၀ တွင် ဖမ်းဆီးစစ်ဆေးခံနေရသည့် အသက်ကြီးပိုင်းတစ်ဦး အအေးမိကာ လေဖြတ်သွားကြောင်း သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင်ရှိ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းစသည့် မြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှု ရှိခဲ့ပြီးနောက် စစ်ကောင်စီက ကံဘဲလမ်းဆုံမှ ကော့မှုး - ကွမ်းခြံကုန်းသို့ သွားသည့် ကားလမ်းမကို ယနေ့အချိန်အထိ ပိတ်ဆို့ထားသည့် အပြင် အဆိုပါ မြို့နယ်သုံးမြို့နယ်ကို စစ်ကောင်စီက အင်အားသုံးကာ ဖိနှိပ်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...
ဓာတ်ပုံ - စစ်အုပ်စုတပ်
August 24, 2026
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် ရပ်ကွက်နှင့် လမ်းကြိုလမ်းကြားများအထိ နေ့ညမရွေး...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...