၂၀၂၂ ၌ အကူအညီ လိုအပ်ချက် ပိုတိုးများမယ်လို့ ကုလသမဂ္ဂ ပြော

၂၀၂၂ ၌ အကူအညီ လိုအပ်ချက် ပိုတိုးများမယ်လို့ ကုလသမဂ္ဂ ပြော

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး ဆက်လက်ဖြစ်ပေါ်နေပြီး ရာသီဥတုပြောင်းလဲမှုနဲ့ ပဋိပက္ခတွေက ငတ်မွတ်ခေါင်းပါးမှုဆီ ပိုလို့ တွန်းပို့နေတာကြောင့် လူသားချင်းစာနာထောက်ထားရေး အကူအညီဟာ ကမ္ဘာတစ်လွှားမှာ တိုးလို့ လိုအပ်လာနေကြောင်း ကုလသမဂ္ဂက ကြာသပတေးနေ့မှာ သတိပေးပြောပါတယ်။

လာမယ့်နှစ်မှာ ကမ္ဘာတစ်ဝန်း လူ ၂၇၄ သန်းဟာ အရေးပေါ် အကူအညီလိုအပ်ချက် ရှိလာမှာဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေး အေဂျင်စီ OCHA က ခန့်မှန်းထားပါတယ်။

ဒီအတွက် ၂၀၂၂ မှာ လူ ၂၉ ဦးမှာ တစ်ဦးနှုန်းက အကူအညီ လိုအပ်မှာ ဖြစ်ပြီး ၉၅ ရာခိုင်နှုန်း အကူအညီလိုအပ်မှု ရှိခဲ့တဲ့ ၂၀၁၅ မှနောက်ပိုင်း ရာခိုင်နှုန်း ၂၅၀ အထိ တိုးမြင့်လာခြင်းဖြစ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားရေး အကူအညီ သုံးသပ်ချက်မှာ OCHA က ဆိုထားပါတယ်။

အကူအညီ လိုအပ်တဲ့ ခုလောက် အရေအတွက်မျိုး တစ်ကြိမ်တစ်ခါမှ မမြင့်မားဘူးကြောင်း ကုလသမဂ္ဂ ကူညီပေးရေး အကြီးအကဲ မာတင် ဂရစ်ဖစ်က သတင်းထောက်တွေကို ပြောပါတယ်။

ဒီလောက် များများစားစားကို အကူအညီပေးနိုင်ဖို့က တတ်နိုင်မှာမဟုတ်ဘဲ ဒုက္ခရင်ဆိုင်ရဖို့ ရှိနေကြောင်း သူက ဆိုပါတယ်။

ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ အခြား လူသားချင်းစာနာထောက်ထားရေး အဖွဲ့အစည်းတွေရဲ့ တစ်နှစ်ပတ်လည် တောင်းခံချက်မှာ လာမယ့်နှစ်အတွက် နိုင်ငံပေါင်း ၆၃ နိုင်ငံက ပိုပြီး ဒုက္ခကြုံရတဲ့ ပြည်သူပေါင်း ၁၈၃ သန်းအတွက် အကူအညီပေးနိုင်ရေး အမေရိကန်ဒေါ်လာ ၄၁ ဘီလီယံ လိုအပ်မယ်လို့ ဆိုထားပါတယ်။ ဒီအတွက် ၂၀၂၁ ခုနှစ်က တောင်းခံချက် ဒေါ်လာ ၃၅ ဘီလီယံထက် ပိုလာပြီး လွန်ခဲ့တဲ့ လေးနှစ်ကထက် နှစ်ဆတက်လာခဲ့တာပဲ ဖြစ်ပါတယ်။

ခုလို စိတ်မကောင်းစရာ အကူအညီ လိုအပ်ချက် ထောင်တက်လာခဲ့တာဟာ အာဖဂန်နစ္စတန်၊ အီသီယိုးပီးယားနဲ့ မြန်မာနိုင်ငံတွေ ဖြစ်သွားနေတဲ့ ပဋိပက္ခတွေနဲ့ ဆိုးဝါးတဲ့ မတည်ငြိမ်မှုတွေကြောင့်ဖြစ်တယ်လို့ အစီရင်ခံစာထဲမှာ ဆိုထားပါတယ်။

August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...
ဓာတ်ပုံ - စစ်အုပ်စုတပ်
August 24, 2026
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် ရပ်ကွက်နှင့် လမ်းကြိုလမ်းကြားများအထိ နေ့ညမရွေး...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...