ပဲ့စင်ကျွန်းက နှင်ထုတ်ခံရလို့ ဒေသခံတွေ ဝမ်းရေး အခက်ကြုံ

ပဲ့စင်ကျွန်းက နှင်ထုတ်ခံရလို့ ဒေသခံတွေ ဝမ်းရေး အခက်ကြုံ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပဲ့စင်ကျွန်းပေါ် မှီခိုလုပ်ကိုင်စားသောက်နေသူတွေကို စစ်ကောင်စီရေတပ်က လာရောက် နှင်ထုတ်နေတဲ့အတွက်ကြောင့် မိသားစု ဝမ်းရေးအတွက် အခက်အခဲ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲ့စင်ကျွန်းပေါ် မှီခိုလုပ်ကိုင်စားသောက်နေသူတွေအနေနဲ့ အခုနိုဝင်ဘာလအကုန်မှာ အပြီးထွက်ခွာကြဖို့နဲ့ မထွက်ခွာရင် ပစ်ခတ်ရှင်းလင်းမယ်လို့ စစ်ကောင်စီရေတပ်က ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။

ပဲ့စင်ကျွန်းဟာ လောင်းလုံးက ဒေသခံ ရေလုပ်သားတွေ ငါးဖမ်းရာသီမှာ အခြေချနေထိုင်နေတဲ့ ကျွန်းတစ်ကျွန်း ဖြစ်ပါတယ်။

ပဲ့စင်ကျွန်းပေါ်မှာ မနေထိုင်ကြဖို့ စစ်ကောင်စီရေတပ်က မောင်းထုတ်နေတဲ့အတွက်ကြောင့် ဒေသခံ ရေလုပ်သားတွေမှာ မိသားစု စားဝတ်နေရေးအတွက် အခက်အခဲရှိတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ပဲ့စင်ကျွန်းပေါ်မှာ မှီခိုလုပ်ကိုင်စားသောက်နေသူတွေ ကျွန်းကနေ စတင် ထွက်ခွာနေကြပြီး ဖြစ်ပါတယ်။

ပဲ့စင်ကျွန်းက ရေလုပ်သားတွေကို စစ်ကောင်စီတပ်ဘက်က လာရောက်မောင်းထုတ်တာဟာ လုပ်ငန်းရှင်တွေကို ဌားရမ်းဖို့ဖြစ်နိုင်သလို လုံခြုံရေးအကြောင်းပြ လာရောက်နေထိုင်တပ်စွဲတာလဲ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ပဲ့စင်ကျွန်းကို NLD အစိုးရလက်ထက်တုန်းက လုပ်ငန်းရှင်တစ်ဦးက နိုင်ငံတကာအဆင့်မှီ အပန်းဖြေစခန်းနဲ့ဟိုတယ်တွေ တည်ဆောက်ဖို့ လုပ်ပိုင်ခွင့်လျှောက်ထားပြီး၊ ဒေသခံတွေရေလုပ်သားတွေ ကန့်ကွက်ထားခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ -(MOI)
August 25, 2026
မွန်ပြည်၊ မုဒုံမြို့နယ်အတွင်း လည်ပတ်နေသည့် ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန်...
 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...
ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...
ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...