မုဒုံရှိ ရော်ဘာစက်ရုံများ၏ အနံ့ဆိုးကြောင့် ပြည်သူများ ကျန်းမာရေး ထိခိုက်

မုဒုံရှိ ရော်ဘာစက်ရုံများ၏ အနံ့ဆိုးကြောင့် ပြည်သူများ ကျန်းမာရေး ထိခိုက်
ဓာတ်ပုံ -(MOI)
ဓာတ်ပုံ -(MOI)

မွန်ပြည်၊ မုဒုံမြို့နယ်အတွင်း လည်ပတ်နေသည့် ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန် ထွက်ရှိနေ သဖြင့် ပြည်သူများ ကျန်းမာရေး ထိခိုက်မှုများ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ရော်ဘာစက်ရုံများမှ ထွက်ရှိသည့် အနံ့ဆိုးများသည် အနီးအနားရှိ ကျေးရွာများအပြင် မုဒုံ-သံဖြူဇရပ် လမ်းမကြီးတစ်လျှောက်တွင်ပါ ပြင်းထန်စွာ ရရှိနေပြီး ဒေသခံများမှာ အသက်ရှူရ အခက်အခဲဖြစ်သည်အထိ ကြုံတွေ့နေကြရသည်။

ထို့ပြင် ကလေးငယ်များနှင့် သက်ကြီးပိုင်းများမှာ မူးဝေအော့အန်ခြင်း၊ အစားအသောက် စားရခက်ခဲခြင်းအပြင် အခြား ကျန်းမာရေး ထိခိုက်မှုများ ပါရှိလာသည်။

မုဒုံ ဒေသခံတစ်ဦးက “သက်ရောက်မှုတွေက နေ့စဉ်နဲ့ အမျှပဲ။ နံ့တယ်နောက် စက်ရုံတွေက ညံတယ်၊ စက်သံ တွေက ညံတာပေါ့လေ။ စက်ရုံရှေ့က တစ်ချက်ဖြတ်သွားရင် အသက်အောက် လိုက်ရတယ်၊ အသက်မရှူရဲဘူး။ ကျန်းမာရေး ရှု့ထောင့်နဲ့ ကြည့်မယ်ဆိုရင် တော်တော်လေးကို ဆိုးရွားတယ်ဗျ။ လူကြီးတွေဆို ညဆို အိပ်မပျော် ဘူး။ ဒီစက်သံ ညံတယ်၊ သူတို့က ညဆို အပုပ်ရည်တွေ လွှတ်တယ်။ အခါတိုင်းထက် ဆိုးတယ်” ဟု ပြောသည်။

ထို့ပြင် ရော်ဘာစက်ရုံများသည် စွန့်ပစ်ရေများကို ဒေသခံများ အသုံးပြုသည့် ချောင်းများအတွင်း စွန့်ပစ်သဖြင့် ငါးနှင့် ဖားများပင် မရှိတော့ဘဲ စိုက်ပျိုးရေးအတွက် ရေအသုံးပြု၍ မရတော့ကြောင်း ၎င်းက ဆက် ပြောသည်။

စက်ရုံမှ အနံ့ဆိုးများကြောင့် ညဘက် အိပ်မရသည်အထိ ဖြစ်နေရ ပြီး သက်ဆိုင်ရာသို့ တိုင်ကြားထားသော် လည်း လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ကွင်းဆင်းကြည့် ရှုပေးခြင်း မရှိကြောင်း ဒေသခံများက ပြော သည်။

အခြား မုဒုံ ဒေသခံတစ်ဦးကလည်း “အနံ့တော့ တော်တော်ဆိုးတယ်။ ကျနော်တို့ဘက်မှာလည်း တစ်ရုံရှိတယ်။ အဲဒီအနံ့က တစ်ချက် တစ်ချက် အနံ့လွှတ်တဲ့ အခါကျလို့ရှိရင် ကျနော်တို့ တော်တော်ဆိုးတာ။ အိပ်လို့ကို မရ ဘူး။ အနံ့ တော်တော်ပြင်းတာ။ တိုင်ကြားထားတာတွေ ကြားတယ်။ ဒါပေမယ့် အခုချိန်ထိကို ဒီအနံ့အသက် ထိန်းသိမ်းဖို့ ဘာညာလုပ်ဖို့ ကိစ္စတွေ လွှတ်တော် ကိုယ်စားလှယ်တွေ လာရောက် ပြီးတော့ ကွင်းဆင်း လေ့လာ တာတို့ ကြည့်ရှုတာတို့ ဘာမှမကြားဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် NLD အစိုးရလက်ထက်က ဒေသခံများ စုပေါင်းတိုင်ကြားမှုကြောင့် အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးကာ စက်ရုံလည်ပတ်ချိန်ကို ၂၄ နာရီအစား ၈ နာရီသာ လည်ပတ်ခွင့်ပြုခဲ့သည်။

သို့သော် စစ်တပ်က အာဏာသိမ်းပြီးနောက် ရော်ဘာစက်ရုံများသည် အာဏာပိုင်များနှင့် ပူးပေါင်းကာ ၂၄ နာရီ ပြန်လည်လည်ပတ်နေပြီး တိုင်ကြားပါကလည်း အရေးယူဆောင်ရွက်ပေးခြင်း မရှိဘဲ တိုင်ကြားသူများသာ အပြစ်ပြောဆိုခံနေရသည်။

မုဒုံမြို့နယ်အတွင်း ရော်ဘာထုတ်လုပ်သည့် စက်ရုံပေါင်း ၁၀ ရုံထက်မနည်း ရှိနေပြီး အာဏာသိမ်းကာလအတွင်း အန္တရာယ်ရှိသော စွန့်ပစ်အညစ်အကြေးများကို စည်းကမ်းမဲ့ စွန့်ပစ်မှုကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုများ ဆိုးရွား စွာ ဖြစ်ပေါ်နေသည်။

 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...
ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...
ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...
ဓာတ်ပုံ - BGF
August 21, 2026
ကရင်ပြည်၊ ဖာပွန်စစ်ဆင်ရေးအတွင်း စစ်အုပ်စုတပ်ကို ကူညီပေးနေပြီး စစ်အုပ်စုတပ် လက်အောက်ခံအဖြစ်...