မွန်တွင် စစ်အုပ်စုက ဌာနဆိုင်ရာများနှင့် ကျောင်းသားများကို ငှက်ပျောပင် စိုက်ပျိုးခိုင်း

မွန်တွင် စစ်အုပ်စုက ဌာနဆိုင်ရာများနှင့် ကျောင်းသားများကို ငှက်ပျောပင် စိုက်ပျိုးခိုင်း
 ဓာတ်ပုံ - (MOI)
ဓာတ်ပုံ - (MOI)

မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊ ကျောင်းသူများကို စီမံချက်အကြောင်းပြ၍ ငှက်ပျောပင်များ စိုက်ပျိုးခိုင်းနေကြောင်း ဌာနဆိုင်ရာနှင့် နီးစပ်သူများက ပြောသည်။

အဆိုပါ ငှက်ပျောပင် စိုက်ပျိုးပွဲများကို စစ်အုပ်စု၏ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီက ဦးဆောင်ပြီး မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ဩဂုတ်လ ၂၂ ရက်နေ့မှစ၍ စတင်စိုက်ပျိုး နေခြင်း ဖြစ်သည်။

အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများကို အာဟာရ ပြည့်ဝစွာ ကျွေးမွေးနိုင်ရန် ရည်ရွယ် သည်ဟု ဆိုသော်လည်း စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများသည် သရုပ်ပြရုံမျှသာ စိုက်ပျိုးပြပြီး ကျောင်း သား၊ ကျောင်းသူများကိုသာ အဓိက စိုက်ပျိုးခိုင်းနေကြောင်း အခြေခံပညာ ဆရာ၊ ဆရာမ အသိုင်းအဝိုင်းက ပြောဆိုကြသည်။

ယခုကဲ့သို့ ငှက်ပျောပင်များ စီမံချက်ဖြင့် စိုက်ပျိုးနေရခြင်းမှာ ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် စစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ် များ တွေ့ဆုံပွဲမှ ညွှန်ကြားချက်ကြောင့် ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲတွင် စစ်အုပ်စု ခေါင်းဆောင်က အခြေခံပညာကျောင်းများ၌ တစ်သျှူးငှက်ပျော စိုက်ပျိုးရေးနှင့် နို့စားနွား မွေးမြူရေး စီမံကိန်းများ အကောင်အထည်ဖော်ရန် ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ ဖိအားပေး စိုက်ပျိုး ခိုင်းနေခြင်း ဖြစ်သည်။

ငှက်ပျောပင် စိုက်ပျိုးပွဲများတွင် စစ်အုပ်စု ခေါင်းဆောင် ညွှန်ကြားသည့် တစ်သျှူးငှက်ပျောများအပြင် ဒေသမျိုး ဖြစ်သည့် ဖီးကြမ်းနှင့် သီးမွှေး ငှက်ပျောပင်များကိုပါ စိုက်ပျိုးနေရကြောင်း နီးစပ်သးများက ပြောသည်။

မွန်ပြည်ရှိ အခြေခံပညာကျောင်းများတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အကြောင်းပြချက်ဖြင့် အရိပ်ရပင်များနှင့် သီးပင်စားပင်များ စိုက်ပျိုးခိုင်းခဲ့ပြီး လက်ရှိတွင် ငှက်ပျောပင်များကိုပါ ထပ်မံ စိုက်ပျိုးခိုင်းလျက်ရှိသည်။

Most read this week

ဓာတ်ပုံ - CJ
August 26, 2026
ကရင်ပြည်၊ ဘားအံမြို့ရှိ စက်သုံးဆီဆိုင်ကြီးများသည် စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေး...
ဓာတ်ပုံ -(MOI)
August 25, 2026
မွန်ပြည်၊ မုဒုံမြို့နယ်အတွင်း လည်ပတ်နေသည့် ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန်...
ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...
ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...