မြန်မာစစ်ကောင်စီ ကုလသမဂ္ဂ၌ မြန်မာကိုယ်စားပြုခွင့်ရဖွယ် မရှိဟု သံတမန်များ ပြော

မြန်မာစစ်ကောင်စီ ကုလသမဂ္ဂ၌ မြန်မာကိုယ်စားပြုခွင့်ရဖွယ် မရှိဟု သံတမန်များ ပြော

ဒီဇင်ဘာ ၁ ရက်တွင် ပြုလုပ်မည့် ကုလသမဂ္ဂ အရည်အချင်းစစ်ကော်မတီ အစည်းအဝေးတစ်ခုတွင် မြန်မာ အာဏာသိမ်းစစ်အုပ်စု သို့မဟုတ် အာဖဂန်နစ္စတန်၏ တာလီဘန်တို့ကို ၁၉၃ နိုင်ငံပါ ကမ္ဘာ့အဖွဲ့အစည်းတွင် ၎င်းတို့၏ နိုင်ငံများကို ကိုယ်စားပြုခွင့် ပေးဖွယ်မရှိဟု သံတမန်များက ပြောသည်။

မြန်မာအာဏာသိမ်းစစ်ကောင်စီရော၊  တာလီဘန်ရောသည် ယခုနှစ်ထဲ ၎င်းတို့ ဖြုတ်ချခဲ့သည့် အစိုးရများက ခန့်အပ်ထားခဲ့သော သံအမတ်များနှင့် အပြိုင် ကုလ၌ ကိုယ်စားပြုမှုနေရာအတွက် အပြိုင်လျှောက်ထားတောင်းဆိုမှုများ လုပ်ဆောင်ထားကြသည်။

မြန်မာအာဏာသိမ်းအုပ်စု သို့မဟုတ် တာလီဘန်တို့ကို ကုလသမဂ္ဂက လက်သင့်ခံပေးလိုက်ပါက  စစ်ကောင်စီရော၊ တာလီဘန်ရော ကြိုးပမ်းနေသည့် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရေးအတွက် ရှေ့တစ်လှမ်း ထပ်တိုးရရှိသွားစေသလို ဖြစ်မည်ဖြစ်သည်။

ရုရှား၊ တရုတ်၊ အမေရိကန် တို့ ပါဝင်သည့် ၉ နိုင်ငံပါ ကုလ အရည်အချင်းစစ် ကော်မတီ (ကုလ၌ နိုင်ငံကို ကိုယ်စားပြုခွင့်ရရန် လျှောက်ထားမှုများကို စိစစ်ပေးသည့် ကော်မတီ) သည် ကုလ အထွေထွေညီလာခံ၏ လက်ရှိ အစည်းအဝေးအတွက် အဖွဲ့ဝင် ၁၉၃ နိုင်ငံစလုံး၏ ကိုယ်စားပြုမှုနေရာများကို စဉ်းစားဆုံးဖြတ်ရန် ကုလဌာနချုပ်တွင် တွေ့ဆုံစည်းဝေးကြမည်ဖြစ်သည်။

မြန်မာနှင့် အာဖဂန်နစ္စတန်တို့၏ လက်ရှိ ကုလဆိုင်ရာ သံအမတ်များ ၎င်းတို့၏ နေရာများတွင် ဆက်ရှိနေသည် ဆိုသည့် နားလည်မှုဖြင့် အဆိုပါ နှစ်နိုင်ငံစလုံး၏ ကိုယ်စားပြုမှုနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို ကော်မတီအနေဖြင့် ရွှေ့ဆိုင်းဖွယ် ရှိနေကြောင်း အမည်မဖော်လိုသူ သံတမန်လေးဦးက ရိုက်တာကို ပြောသည်။

အရည်အချင်းစစ်ကော်မတီတွင် ဘဟားမားစ်၊ ဘူတန်၊ ချီလီ၊ နမ်မီဘီးယား၊ ဆီရီယာလီယွန်၊ ဆွီဒင်တို့လည်း ပါဝင်ပြီး အဖွဲ့ဝင်နိုင်ငံအားလုံး၏ ကိုယ်စားပြုမှုဆိုင်ရာ အရည်အချင်းစိစစ်မှုများနှင့်ပတ်သက်ပြီး ယင်း၏ အစီရင်ခံစာကို နှစ်ကုန်မတိုင်မီ အတည်ပြုချက်ရရန် ကုလအထွေထွေညီလာခံသို့ ပေးပို့သွားမည် ဖြစ်သည်။

ကော်မတီရော၊ အထွေထွေညီလာခံရောသည် အစဉ်အလာအားဖြင့် ကုလ၌ ကိုယ်စားပြုမှုအတွက် အရည်အချင်းစိစစ်ရွေးချယ်မှုများနှင့်ပတ်သက်ပြီး အများသဘောဆန္ဒဖြင့် ဆုံးဖြတ်ချက်များ ချမှတ်လေ့ ရှိကြောင်း သံတမန်များက ပြောသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...