ကနီနယ်တွင် သစ်ခိုးထုတ်သည့်ကား ၄ စီးကို KPDF -1 အဖွဲ့က ဖမ်းဆီးအရေးယူ

ကနီနယ်တွင် သစ်ခိုးထုတ်သည့်ကား ၄ စီးကို KPDF -1 အဖွဲ့က ဖမ်းဆီးအရေးယူ

စစ်ကိုင်းတိုင်း ကနီနယ်၌ သစ်ခိုးထုတ်သည့် ကားလေးစီးကို ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်တွင် ဖမ်းဆီး ၊ သတိပေး အရေးယူခဲ့ကြောင်း ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF-1) ခေါင်းဆောင် တစ်ဦးက ပြောသည်။

ကလေးမြို့နယ် မဟာမြိုင် တောဘက်မှ တန်ချိန် ၃၀ ခန့် သစ်များကို ခိုးထုတ်လာသည့် ယာဉ်တန်းကို ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်။

“ကားလေးစီး အပြည့်တင်ထားတာ၊ ကျွန်တော်တို့ နယ်မြေလုံခြုံရေး တပ်သားတွေက တွေ့တော့ ဖမ်းဆီးပြီး သတိပေးလိုက်ပါတယ်။ သစ်တွေကိုတော့ ကျွန်တော်တို့ဘက်က သိမ်းဆည်း ထားပါတယ်။ အဓိကကတော့ အင်ကြင်းနဲ့ အခြား သစ်မာ အမျိုးအစားတွေပါ” ဟု KPDF -1 ခေါင်းဆောင် တစ်ဦးက ပြောသည်။

KPDF -1 အဖွဲ့က ကားသမားများနှင့် အလုပ်သမား ၁၆ ဦးကို ပထမဆုံးအကြိမ်နှင့် နောက်ဆုံး အကြိမ် သတိပေးစကား ပြောခဲ့ပြီး ထိုသူများကလည်း နောက်ထပ် မလုပ်တော့ကြောင်း ကတိပေးခဲ့သည်ဟု ဆိုသည်။

အလုပ်သမားများကို ကားပေါ်မှ သစ်များချခိုင်းကာ လုပ်အားခ ရှင်းပေးခဲ့ပြီး အားလုံးကို ပြန်လွှတ် ပေးလိုက်သည်ဟု KPDF -1 ခေါင်းဆောင်က ပြောသည်။

သစ်ခိုးထုတ်သူများသည် စစ်ကောင်စီ လက်အောက်ခံ ဂိတ်များတွင် ငွေကြေး ပေးရပြီး စစ်ကောင်စီထံ ငွေစီးဆင်းရာ လမ်းကြောင်းတစ်ခု ဖြစ်နေသည့်အတွက် နောက်တစ်ကြိမ် ထိုသို့ ဖမ်းမိပါက လူရောကားပါ ဖမ်းဆီး ထိန်းသိမ်း ခံရမည်ဟု သတိပေးခဲ့ကြောင်း ၎င်းက ပြောသည်။

ပြည်သူ့ အသက်အိုးအိမ် စည်းစိမ်ကို စောင့်ရှောက်ရန်နှင့် သဘာဝ သယံဇာတများကို စောင့်ရှောက် ထိန်းသိမ်းသွားမည်ဟု KPDF -1 ခေါင်းဆောင်က ဆိုသည်။

ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...
ဓာတ်ပုံ - စစ်အုပ်စုတပ်
August 24, 2026
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် ရပ်ကွက်နှင့် လမ်းကြိုလမ်းကြားများအထိ နေ့ညမရွေး...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...