မုံရွာအောင်ရှင်၏ ရုပ်အလောင်းအား ရေဝေးသုသာန်၌ ဂူသွင်းသင်္ဂြိုဟ်

မုံရွာအောင်ရှင်၏ ရုပ်အလောင်းအား ရေဝေးသုသာန်၌ ဂူသွင်းသင်္ဂြိုဟ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဗဟိုကော်မတီဝင် ၊ ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင် (ဦးအေးကြူ) ၏ ရုပ်အလောင်းကို ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက် နေ့လယ် ၂ နာရီတွင် ရေဝေးသုသာန်၌ ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။

မုံရွာအောင်ရှင်သည် ကွယ်လွန်ချိန်တွင် အသက် ၇၇ နှစ်ရှိပြီဖြစ်ပြီး နိုဝင်ဘာလ ၂၈ ရက် နံနက် ၆ နာရီ မိနစ် ၃၀ ဝန်းကျင်က နှလုံးရောဂါဖြင့် ၎င်း၏နေအိမ်တွင် ကွယ်လွန်ခဲ့သည်။

စာရေးဆရာနှင့် ကဗျာဆရာ ဖြစ်သူ မုံရွာအောင်ရှင်သည် စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ပင် ဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာလ ၁၈ ရက်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

မုံရွာအောင်ရှင်သည် အာဏာသိမ်းစစ်တပ်၏ နာမည်ဆိုးဖြင့် ကျော်ကြားသော ရေကြည်အိုင် စစ်ကြောရေး စခန်းမှ လွတ်မြောက်လာပြီး ရက်ပေါင်း ၄၀ အကြာတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခြင်း ဖြစ်သည်။

ကွယ်လွန်သူ မုံရွာအောင်ရှင်ကို ရည်စူးပြီး ရက်လည်ဆွမ်းသွတ်တရားနာယူခြင်းကို ဒီဇင်ဘာ ၄ ရက် မနက် ၇ နာရီတွင် တာမွေမြို့နယ်၊ မလွှကုန်းလမ်းရှိ ၎င်း၏ နေအိမ်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...
ဓာတ်ပုံ - စစ်အုပ်စုတပ်
August 24, 2026
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် ရပ်ကွက်နှင့် လမ်းကြိုလမ်းကြားများအထိ နေ့ညမရွေး...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...