အမှတ် (၃) လမ်းမကြီးကို ပေ ၃၀၀ အထိ ချဲ့မည်ဆိုကာ လမ်းဘေးဆိုင်ခန်းများကို စစ်ကောင်စီ ဖျက်ခိုင်း

အမှတ် (၃) လမ်းမကြီးကို ပေ ၃၀၀ အထိ ချဲ့မည်ဆိုကာ လမ်းဘေးဆိုင်ခန်းများကို စစ်ကောင်စီ ဖျက်ခိုင်း

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အမှတ် (၃) လမ်းမကြီးကို ပေ ၃၀၀ အထိ ချဲ့မည်ဆိုကာ လမ်းဘေး ဆိုင်ခန်းများကို ဖျက်သိမ်းရန် မင်္ဂလာဒုံ လမ်းဦးစီးဌာနက သတိပေး ထုတ်ပြန်သည်။

သုညမိုင်မှ အမှတ် (၃) လမ်းဆုံ အထိကို လမ်းအလယ်မှ ဘေးတစ်ဖက်လျှင် ပေ ၁၅၀ စီ တိုင်းထွာပြီး တိုးချဲ့ သွားမည်ဟုဆိုကာ လမ်းဘေးဆိုင်ခန်းများကို နိုဝင်ဘာလ ၃၀ ရက် နောက်ဆုံးထားပြီး ဖျက်သိမ်းရန် ထုတ်ပြန်ခြင်း ဖြစ်သည်။

 ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လမ်းဦးစီးဌာနပိုင် လမ်းဘေးဝဲယာ တစ်လျှောက်ရှိ ကျူးကျော်များအား ဥပဒေနှင့်အညီ ရှင်းလင်းဖယ်ရှား ဆောင်ရွက်မည် ဖြစ်၍ နိုဝင်ဘာလ ၃၀ ရက် နောက်ဆုံးထားပြီး အပြီး ရှင်းလင်းဖယ်ရှား ဆောင်ရွက်ထားရန် သတိပေး အကြောင်းကြား အပ်ပါသည်ဟု ပါရှိသည်။

''ဒီဆိုင်တွေကို ကျွန်တော်တို့က ဝယ်ပြီး ပြန်ပြင်ဆင်ဆောက်ထားရတာ။ အခု ဖျက်ခိုင်းတော့လည်း ဖျက်ရတာပဲ။ မနက်ဖြန် နောက်ဆုံးထားပြီး ဖျက်ရမှာဆိုတော့ ဖျက်နေကြရတယ်။ မဖျက်ရင် မြေကော်စက်တွေနဲ့ လာဖျက်မယ်လို့ ပြောတော့ အခုအားချင်း ဖျက်နေ ကြရတယ်'' ဟု ဆိုင်ခန်း ဖျက်သိမ်းနေသည့် သူတစ်ဦးက ပြောသည်။

ယခု ဖျက်နေသည့် ဆိုင်ခန်းများတွင် ရခိုင် ဘုန်းကြီးကျောင်း မှတ်တိုင်အနီးရှိ ဆိုင်ခန်းများနှင့် ပုလဲမှတ်တိုင် အနီးရှိ စားသောက်ဆိုင်၊ လဖက်ရည်ဆိုင်နှင့် ကုန်စုံဆိုင်များ ပါဝင်သည်။

August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...
ဓာတ်ပုံ - စစ်အုပ်စုတပ်
August 24, 2026
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် ရပ်ကွက်နှင့် လမ်းကြိုလမ်းကြားများအထိ နေ့ညမရွေး...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...