တာဝါတိုင်စောင့် စစ်သား၂ ဦး အသတ်ခံရပြီးနောက် သပိတ်ခေါင်းဆောင်နေအိမ်ကို စစ်တပ်က ချိပ်ပိတ်

တာဝါတိုင်စောင့် စစ်သား၂ ဦး အသတ်ခံရပြီးနောက် သပိတ်ခေါင်းဆောင်နေအိမ်ကို စစ်တပ်က ချိပ်ပိတ်

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် လာကပုံရွာတွင် မိုင်တဲတာဝါတိုင်စောင့် စစ်သားနှစ်ဦး အသတ်ခံရပြီးနောက် အနီးရှိ ဘုရားကြီးကျေးရွာမှ သပိတ်ခေါင်းဆောင်၏ နေအိမ်ကို စစ်ကောင်စီတပ်က ထုတ်ပြန်စာကပ်ကာ ချိပ်ပိတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၂၆ ရက် ညနေ ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သား အင်အား ၃၀ ခန့် ရောက်လာပြီး ရွာလယ်ရှိ သပိတ်ခေါင်းဆောင် ကိုထက်၏ နှစ်ထပ်အိမ်အား ချိပ်ပိတ်သွားခြင်းဖြစ်သည်။

“ ဤမြေနေရာနှင့် အဆောက်အအုံသည် အကြမ်းဖက်အုပ်စု PDF အဖွဲ့အစည်းများနှင့် ပတ်သက် ဆက်စပ်နေသောကြောင့် နိုင်ငံတော်ပိုင်သိမ်းဆည်းမည် ဖြစ်သည်” ဟုစစ်တပ်မှ စာကပ်ကာ ကြိုးများတားသွားခြင်း ဖြစ်သည်။

မတ်လ ၁၇ ရက်ကလည်း ၎င်းနေထိုင်ရာ ထိုအိမ်အား စစ်ကောင်စီတပ်က စစ်ကား အကြီး ခြောက်စီး၊ ကားအသေး နှစ်စီး၊ အင်အား ၈၀ ခန့်ဖြင့် ပထမအကြိမ် လာရောက် စီးနင်းခဲ့‌သေးသည်။

“ အဲ့တုန်းက သူတို့ နည်းနည်းသတင်းကြိုရပြီး ပြေးချိန်ရလိုက်လို့ မဟုတ်ရင်အကုန်ဖမ်းမိကုန်မှာ ၊ ခုထိတော့ သူတို့မိသားစုတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်။ ကျွန်တော်တို့နဲ့လည်း သတင်းအဆက်အသွယ်မရဘူး။ ဘယ်တွေရောက်နေလဲ မပြောတတ်ဘူး " ဟု ဘုရားကြီး ရွာသားတစ်ဦးက ပြောသည်။

ကိုထက်နေထိုင်ရာ ကျေးရွာဝန်းကျင်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ဒလန်အသတ်ခံရမှု ဖြစ်ပွားတိုင်း စစ်တပ်က ထိုနေအိမ်သို့ ဝင်ရောက်ရှာဖွေမှု ပြုလုပ်ကြောင်း အဆိုပါ ဒေသခံကပြောသည်။

ထိုနေအိမ် ဝင်ရောက်ရှာဖွေခံရသည်မှာ ခြောက်ကြိမ်ရှိပြီဖြစ်ပြီး ယခုအကြိမ်တွင်မူ ထုတ်ပြန်စာကပ်ကာ ချိပ်ပိတ်လိုက်ကြခြင်းဖြစ်သည်။

လွန်ခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်ကလည်း တွံတေးမြို့နယ်၊ စမ်းရွာရှိ စစ်တပ်ပိုင် မိုင်တဲတာဝါတိုင် စောင့်သည့် ရေတပ်စစ်သားနှစ်ဦး ပစ်သတ်ခံခဲ့ရသည်။

ထိုပစ်ခတ်မှုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တွံတေး)မှ ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

ထိုဖြစ်စဉ်ဖြစ်ပြီးနောက် ဘုရားကြီး၊ ကျိုက်သလဲ၊ လာကပုံ၊ ပေါက်တော၊ စမ်းရွာနှင့် ကံဘဲ့ကျေးရွာများသို့ စစ်တပ်က ဝင်ရောက်ရှာဖွေခဲ့ပြီး ရွာသားများဖမ်းဆီးခံရမှုရှိကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံ ရွာသားများသည် စစ်ကောင်စီတပ် တပ်စွဲရာ စမ်းရွာတွင် ဖမ်းဆီးချုပ်နှောင်ခံထားရပြီး အရေအတွက်ကို ဆက်လက်စုံစမ်းဆဲဖြစ်သည်။

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...