KNU လာပစ်လျှင် ကျေးရွာများထဲ ပြန်ပစ်မည်ဟု BGF က ကျေးရွာခေါင်းဆောင်များကို ခေါ်ယူခြိမ်းခြောက်

KNU လာပစ်လျှင် ကျေးရွာများထဲ ပြန်ပစ်မည်ဟု BGF က ကျေးရွာခေါင်းဆောင်များကို ခေါ်ယူခြိမ်းခြောက်

ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်များက လာရောက်ပစ်ခတ်လျှင် ကျေးရွာများထဲသို့ ပြန်လည် ပစ်ခတ်မည်ဟု စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) က ကျေးရွာ ခေါင်းဆောင်များကို ခေါ်ယူ ခြိမ်းခြောက်ခဲ့ကြောင်း KNU က ယမန်နေ့ နိုဝင်ဘာလ ၁၈ရက် ညပိုင်းက ထုတ်ပြန်သည်။

KNU-သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ဝင်းတာပန် ကျေးနယ်အုပ်စု၊ မြစ်ကျိုးကျေးနယ်နှင့် မင်းစောကျေးနယ်အုပ်စုရှိ ကျေးရွာပေါင်း ၁၁ ရွာမှ ဒေသခံ ရပ်မိရပ်ဖ ၄၂ ယောက်ကို နိုဝင်ဘာလ ၁၇ ရက်တွင် လေးကေ BGF စခန်းသို့ ခေါ်ယူ၍ ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

" BGF တပ်ဖွဲ့များ ကျေးရွာများ အနီးသို့ ဖြတ်သွား ဖြတ်လာပြုလုပ်လျှင် KNU မှ မပစ်ရန်၊ ပစ်ခတ်လျှင် ၎င်းတို့က ကျေးရွာအတွင်းသို့သာ ပြန်လည်ပစ်ခတ်မည်။ ဒေသခံများ မိမိတို့ စစ်ကြောင်းနှင့် လမ်း၌ ဆုံပါက မပြေးရန်နှင့် ခေါ်ရင်လာရန်၊ ထိုသို့ မဟုတ်ဘဲ ပြေးပါက ပစ်ခတ်မည် " ဟု ခေါ်ယူ ခြိမ်းခြောက်ခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ BGF (၁၀၁၄ )တပ်ရင်းမှ ဗိုလ်တင်ဝင်းနှင့် ဗိုလ်ကြိမ်လုံးတို့ ဦးဆောင်သည့် အင်အား ၁၅၀ ကျော် အဖွဲ့သည် နိုဝင်ဘာ ၁၆ ရက်နေ့တွင် လေးကေ BGF စခန်းသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာစဉ် ထိုသို့ ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

ထို့အပြင် ၎င်းတို့သည် လေးကေ BGF စခန်းသို့ လာရာ လမ်းခရီးတစ်လျှောက် ကျေးရွာများမှ ဒေသခံ အယောက် ၂၀ ကျော်ကို ပေါ်တာ (အရပ်သားများအား အဓမ္မခေါ်၍ စစ်ကြောင်းပါ ပစ္စည်းများ သယ်ခိုင်းခြင်း ) ဆွဲခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများလည်း ရှိခဲ့ကြောင်း KNU က ဆိုသည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA ) တပ်မဟာ (၁ ) နှင့် အဆိုပါ BGF(၁၀၁၄) တပ်တို့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင်လည်းတိုက်ပွဲ ဖြစ်ခဲ့သေးသည်။

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...