မြန်မာစစ်ခေါင်းဆောင်နှင့် ဆွေးနွေးမှုအသေးစိတ်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ထုတ်မပြောဘဲ နှုတ်ဆိတ်နေ

မြန်မာစစ်ခေါင်းဆောင်နှင့် ဆွေးနွေးမှုအသေးစိတ်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ထုတ်မပြောဘဲ နှုတ်ဆိတ်နေ

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းက နိုဝင်ဘာ ၁၄ ရက် ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြောင်း နိုဝင်ဘာ ၁၈ ရက်တွင် ဝန်ခံသော်လည်း ထိုအစည်းအဝေး၏ ဆွေးနွေးမှုအသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ နှုတ်ဆိတ်နေခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံရန် နိုင်ငံတချို့မှ အဆင့်မြင့်အရာရှိများ နေပြည်တော်သို့ ရှေ့ဆင့်နောက်ဆင့် လာရောက်မှုများ ရှိခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ၎င်းနှင့် မြန်မာစစ်ခေါင်းဆောင် တွေ့ဆုံစဉ် ဆွေးနွေးမှု အသေးစိတ်ကို ပြောဆိုခြင်း မရှိသော်လည်း မြန်မာနိုင်ငံသားများကို လူသားချင်းစာနာမှု အကူအညီ ထောက်ပံ့ရေးကိစ္စကို ဆွေးနွေးခဲ့ကြောင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းတချို့က ကူညီမည်ဟု သဘောတူခဲ့ကြောင်း ပြောခဲ့သည်။

ထို့ပြင် ထိုင်းနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍပိုင်းမှ လှူဒါန်းသည့် ပစ္စည်းများ အပါအဝင် အကူအညီပစ္စည်း ၁၇ တန် ခန့်ကို ခရီးစဉ်အတွင်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

မြန်မာ အာဏာသိမ်းစစ်ကောင်စီ တာဝန်ရှိသူများကို ထိုင်းနိုင်ငံဘက်က COVID-19 ကာကွယ်ဆေးများ လှူဒါန်းပေးခဲ့သည် ဆိုပြီး ဖော်ပြခဲ့ကြသည့် သတင်းများနှင့်ပတ်သက်ပြီး မစ္စတာ ပရာမွတ်ဝီနိုင်းက တစုံတရာ တုံ့ပြန်အဖြေပေးခဲ့ခြင်း မရှိပေ။

ပြည်ပ သတင်းမီဒီယာများ၏ ဖော်ပြမှုများနောက်ပိုင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာခရီးစဉ်သည် အများပြည်သူတို့၏ အာရုံစိုက်မှုကိုပါ ခံခဲ့ရပြီး ကာဇက်စတန်နှင့် မိုဇမ်ဘစ် ဆိုင်ရာ ထိုင်းသံအမတ်ဟောင်းတစ်ဦးဖြစ်သည့် ရက်စ် ဂျာလီချန်ဒရာက ထိုင်းအစိုးရကို ပိုမိုပွင့်လင်းမြင်သာမှု ရှိရေးအတွက် တောင်းဆိုခဲ့သည်။

သံတမန် ခရီးစဉ်များ၏ အသေးစိတ်တချို့ကို အများသို့ ထုတ်ပြော၍ မရနိုင် ဆိုသည်ကို နားလည်ပေး၍ ရနိုင်သော်လည်း အနည်းဆုံးတော့ ခရီးစဉ်က မည်သည့်ကိစ္စနှင့် ပတ်သက်သလဲ ဆိုသည်ကိုတော့ ဝန်ကြီးဌာနဘက်က ရှင်းပြသင့်ခဲ့သည်ဟု မစ္စတာ ရက်စ်က ပြောသည်။

၎င်းအနေဖြင့် မြန်မာနိုင်ငံရှိ မီဒီယာသတင်းဖော်ပြချက်များတွင် ယင်းကို မတွေ့ခင်အချိန်အထိ အမှန်တကယ် ဂရုမစိုက်ခဲ့သော်လည်း ထိုင်းပြည်သူများအနေဖြင့်ကမူ ယင်းခရီးစဉ်နှင့်ပတ်သက်ပြီး ပိုမိုသိရှိထိုက်ကြောင်း မစ္စတာ ရက်စ်က ပြောသည်။

ထိုင်းအစိုးရက မြန်မာအာဏာသိမ်းစစ်ကောင်စီကို COVID-19 ကာကွယ်ဆေးများ လှူဒါန်းခဲ့သည် ဆိုသည့် သတင်းများနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းပြောဆိုသင့်ကြောင်း ၎င်းက ပြောသည်။

"ဘယ်လို ကာကွယ်ဆေး အမျိုးအစားတွေကို လှူခဲ့တယ် ဆိုတာနဲ့၊ ဆေးပုလင်း အရေအတွက် ဘယ်လောက် လှူခဲ့သလဲ ဆိုတာကိုတော့ ထိုင်းပြည်သူတွေ သိရှိပိုင်ခွင့် ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်၊ ဘာလို့လဲဆိုတော့ ဒါက သူတို့အပေါ်မှာ တိုက်ရိုက်သက်ရောက်လို့ပါ၊ ပြီးတော့ ကျွန်တော်တို့က ဘာကြောင့်များ မြန်မာအာဏာသိမ်းစစ်ကောင်စီကို အဲဒီ ကာကွယ်ဆေးတွေ ပေးရမှာလဲ၊ မြန်မာစစ်ကောင်စီက မြန်မာပြည်သူတွေကို အဲဒါတွေကို ပေးဖို့က ဖြစ်နိုင်ခြေမှသိပ်မရှိတာပဲ" ဟု ၎င်းက ဖေ့ဘွတ်ခ်တွင် ရေးခဲ့သည်။

ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူကို မြန်မာသို့ စေလွှတ်ခြင်းအား မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အခြေအနေနှင့်ပတ်သက်ပြီး သတိထားဆင်ခြင်စွာ လုပ်ဆောင်မှု မရှိခြင်းအတွက်လည်း ထိုင်းအစိုးရကို မစ္စတာ ရက်စ်က ဝေဖန်ခဲ့သည်။ အခြားနိုင်ငံများဆိုလျင် ယင်းအစား "အထူးသံတမန်များ" ကိုသာ စေလွှတ်ကြကြောင်း ၎င်းက ထောက်ပြခဲ့သည်။

"ဒါက ထူးဆန်းတယ်လို့ ကျွန်တော် ထင်ပါတယ်၊ အစိုးရဘက်က ထပ်ပြီး ရှင်းပြသင့်ပါတယ်" ဟု ၎င်းက ပြောသွားခဲ့သည်။

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...