ကလေး-ဂန့်ဂေါလမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်းမလုပ်ကြရန် PDF သတိပေးထုတ်ပြန်

ကလေး-ဂန့်ဂေါလမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်းမလုပ်ကြရန် PDF သတိပေးထုတ်ပြန်

စစ်ကောင်စီတပ်များနှင့် ကလေးပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲပြင်းထန်နေသည့်အတွက် ကလေး-ဂန့်ဂေါလမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်းမပြုကြရန် Ranger Kalay Defend Force က သတိပေးထုတ်ပြန်လိုက်သည်။

စစ်ရေး တင်းမာနေသောကြောင့် နိုဝင်ဘာလ ၁၈ ရက်မှ စတင်၍ နိုဝင်ဘာလ ၂၄ ရက်အထိ တစ်ပတ်အတွင်း မော်တော်ယာဉ်များ ဖြတ်သန်းခြင်း မပြုရန် ထုတ်ပြန်ရခြင်းဖြစ်သည်ဟုဆိုသည်။

ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များအနေဖြင့် အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည့် တိုက်ပွဲများအတွင်း မှားယွင်းပစ်ခတ်၊ ဖောက်ခွဲတိုက်ခိုက်ခံရနိုင်သောကြောင့် ယခုထုတ်ပြန်ချက်ကို အထူး အလေးထားကြရန်လည်း မေတ္တာရပ်ခံထားသည်။

ကလေးမြို့၊ အနောက်တောင်ပိုင်းရှိ PDF Kalay တပ်ရင်း (၃)၏ လက်အောက်ခံ စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းတပ်စွဲပြီး နောက်ပိုင်း စစ်ရေးပိုမိုတင်းမာနေခြင်း ဖြစ်သည်။

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...