စစ်ကောင်စီ ရိက္ခာတင်ရထား ပျော်ဘွယ်မြို့အနီးတွင် မိုင်းဆွဲခံရ

စစ်ကောင်စီ ရိက္ခာတင်ရထား ပျော်ဘွယ်မြို့အနီးတွင် မိုင်းဆွဲခံရ

ပျော်ဘွယ်မြို့အနီး ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်း၊ မိုင်တိုင်အမှတ် (၂၈၅) နှင့် (၂၈၆) အကြားရှိ တံတားတွင် စစ်ကောင်စီ၏ ကုန်တင် မီးရထား မိုင်းဆွဲခံရပြီး စက်ခေါင်းမောင်း တစ်ဦးနှင့် စက်ပြင် တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။

နိုဝင်ဘာ ၁၇ ရက် ည ၆ နာရီ ဝန်းကျင်တွင် တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး ရထားတွဲအချို့ လည်း ချောင်းထဲ ပြုတ်ကျခဲ့ကြောင်း သိရသည်။

“နှစ်ယောက် သေတယ်။ ဒဏ်ရာရ တွေလည်း အများကြီး ရှိတယ်။ အခု ပျော်ဘွယ်ဆေးရုံနဲ့ တချို့ကို နေပြည်တော် ဆေးရုံ ပို့တာ တွေ့ရတယ်” ဟု ဒေသခံက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုမူ မသိရှိရသေးပေ။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မီးရထား ဝန်ထမ်းများအား သတင်းမှန် မပေါက်ကြားစေရန် စစ်ကောင်စီက ဖိအားပေး ထားကြောင်းလည်း သတင်း ရရှိသည်။

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...