ချင်းပြည်နယ် စာသင်ကျောင်းများတွင် တက်ရောက်သူ မရှိသလောက်ဖြစ်

ချင်းပြည်နယ် စာသင်ကျောင်းများတွင် တက်ရောက်သူ မရှိသလောက်ဖြစ်

ချင်းပြည်နယ်တွင် မြို့နယ် ကိုးခုရှိသည့် အနက်တီးတိန်၊ တွန်းဇံ၊ ပလက်ဝ နှင့် မတူပီမြို့နယ်များတွင် ကျောင်းအချို့ ဖွင့်လှစ်ထားသော်လည်း လာသူမရှိ၍ သင်ကြားရေး မစနိုင်ဟု ဒေသခံ သတင်း ရင်းမြစ်များက ပြောသည်။

''မတူပီမှာတော့ ကျောင်းအားလုံး မဖွင့်နိုင်သေးဘူး။ မြို့ပေါ်မှာ အထက်တန်းကျောင်း နှစ်ကျောင်းပဲ ဖွင့်လှစ်နိုင်သေးတယ်။ ကျောင်းသားတွေလည်း မလာကြတော့ ဆရာမတွေလည်း လက်မှတ် လာထိုးပြီး ပြန်နေကြတာ တွေ့ရတယ်။ မိဘတွေကလည်း ကလေးတွေကို ကျောင်းကို ဘယ်သူမှ မလွှတ်ရဲကြဘူး ''ဟု မတူပီ ဒေသခံတစ်ဦးက ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီက နိုဝင်ဘာ ၁ ရက်မှ စ၍ ကျောင်းများကို ဖွင့်စေခဲ့ခြင်း ဖြစ်သည်။

‘’ နိုဝင်ဘာ ၁ ရက်နေ့က စပြီး ကျောင်းပေါင်း ၁၉၉ ကျောင်း ဖွင့်လှစ်နိုင်ခဲ့တယ်။ လတ်တလောမှာ COVID-19 ရောဂါကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းတွေကို ဦးစားပေးနေရတယ် “ ဟု ချင်းပြည်နယ်ရှိ ပညာရေးဝန်ထမ်း တစ်ဦးက ပြောသည်။

ပလက်ဝမြို့နယ်၊ ဆမီးမြို့ အထက်တန်းကျောင်းတွင်လည်း COVID-19 ရောဂါကာကွယ်ဆေး ထိုးပေးပြီး ကလေးငယ်များကို ပြန်ခိုင်းသည်ဟု ယင်းမြို့နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

''ကျောင်းဖွင့် ဆိုလိုသာ ဖွင့်လိုက်ရတာ။ အရင် ခေတ်ကောင်းတဲ့ အချိန်ကတောင် ပလက်ဝမြို့နယ်၊ ဆမီးမှာ စာသင်ကျောင်း တစ်ကျောင်းမှာ ဆရာမတစ်ယောက်ထဲနဲ့ သင်ကြားနေရတာ။ အခု ဒီလိုအချိန်မှာ ဘယ်က ဆရာမတွေ လာမှာလဲ။ အားလုံးက တာဝန်ကျေ ဟန်ပြ ဖွင့်နေကြတာ''ဟု ၎င်းက ပြောသည်။

လက်ရှိမြေပြင်တွင် ကျောင်းတက်ရောက်သည့်သူ မရှိသော်လည်း အာဏာသိမ်းစစ်တပ် ခေါင်းဆောင်ကမူ နိုဝင်ဘာလ ၁ ရက်မှ ဖွင့်လှစ်လိုက်သည့် အခြေခံပညာ ကျောင်းများတွင် တက်ရောက်နေသည့် ကျောင်းသား အရေအတွက် စုစုပေါင်း ဦးရေ ၂,၃၀၅,၀၀၀ ( နှစ်သန်းသုံးသိန်းငါးထောင် ) ကျော် ရှိသည်ဟု ဆိုထားသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...